အပိုင်း ( ၃၃ ) - ဇာတ်သိမ်းပိုင်း -

32.2K 974 47
                                    

" ညီယံ! "

" ဟာ ကိုလင်း! ကိုဟိန်းရောမပါဘူးလား "

အချိန်ကာလအားဖြင့် နှစ်နှစ်ခန့်ကြာခဲ့ပြီဖြစ်သည်၊ သေချာပြောရလျှင် ချစ်ရသူ ကိုကိုနှင့်ဝေးခဲ့သည်မှာလည်း နှစ်နှစ်ခန့်ရှိပြီပင်...

ထိုနှစ်နှစ်တာကာလအတွင်း ကိုလင်း၊ကိုဟိန်းတို့နှင့်သာ အဆက်အသွယ်ရှိခဲ့သည်၊ ထိုသို့ဆက်သွယ်မိသည်မှာလည်း တိုက်တိုက်ဆိုင်ဆိုင်ပင်၊ ရန်ကုန်မှထွက်လာရင်း မန္တလေးရှိ ကိုယ့်အိမ်သို့လည်း မပြန်ချင်၍ ငယ်စဉ်က မေမေတို့နှင့် လာရောက်ခဲ့ဖူးသော တစ်နည်းအားဖြင့် ကိုလင်းနေထိုင်ခဲ့ရသော မိဘမဲ့ကျောင်းတွင်သာ အလုပ်လုပ်ပေးရင်းနေရန် တွေးမိသည်၊ တွေးထားသည့်အတိုင်းလည်း တကယ်ပင် နေထိုင်ရင်း ကလေးများအားကူညီကာ ကျောင်းအတွက်လိုအပ်သမျှ လုပ်ဆောင်ပေးခဲ့သည်၊

ထိုအလုပ်များနှင့် ကျော်ဖြတ်ရင်း တစ်နေ့တွင်တော့ ကိုလင်းနှင့်ကိုဟိန်းကရောက်လာခဲ့သည်၊ အိမ်ထောင်သက်တမ်းတစ်နှစ်ပြည့်တွင် ကိုလင်းက ကလေးမွေးစားချင်သည်ဆို၍ ထိုမိဘမဲ့ကျောင်းသို့ ရောက်လာခဲ့ခြင်းဖြစ်သည်၊ သို့နှင့် ကိုလင်းနှင့်ပြန်အဆက်အသွယ်ရခဲ့သော်လည်း ကိုကို့ကိုတော့ ထိုအကြောင်းကို ပြန်မပြောရန် အကူအညီတောင်းမိသည်၊ ကိုလင်းနှင့်ကိုဟိန်းတို့နှစ်ယောက်က အချစ်မပြတ်ဘဲ ပိုပို၍အချစ်တိုးလာကြသည်ထင်သည်၊ သူတို့နှစ်ယောက်ကြည်နူးနေကြသည်ကိုမြင်ရင်း ကိုယ်ပါ ကြည်နူးမိကာ မျက်ရည်ကျရသည့်အထိပင်၊

" ငိုပြန်ပြီ ဒီကလေး၊ ကိုလင်းတို့ရောက်လာတာမပျော်ဘူးလား " 

" အာ ပျော်တာပေါ့ ကိုလင်းကလည်း၊ ပျော်လွန်းလို့ မျက်ရည်တောင်ကျတာမတွေ့ဘူးလား "

ကိုလင်းစကားကြောင့် ကျလာသောမျက်ရည်များကို သုတ်ကာ အတတ်နိုင်ဆုံးပြုံးပြလိုက်သည်၊

ဟုတ်တယ်... ပျော်ရမယ့်အချိန်မှာတော့ စိတ်ညစ်စရာတွေ ဘေးခေါက်ထားရမယ်...

" သားသား! ဖြည်းဖြည်းသွားလေ ချော်လဲဦးမယ် "

အနောက်မှ ကိုဟိန်းအသံကိုပါကြားလိုက်ရ၍ ကိုလင်းကိုကျော်ကာ လှမ်းကြည့်လိုက်မိသည်၊

ထင်မှတ်မထားသော ||Completed||Where stories live. Discover now