အပိုင်း ( ၂၈ )

10.2K 708 14
                                    

[ A.N လေးကို မမေ့မလျော့ဘဲ တစ်ချက်လောက် ဖတ်ပေးကြပါဦးနော် 😍 ကျေးဇူးအများကြီးတင်ပါတယ် 😘❤ ]
_________________________________

" တောက်! Boss ရှေ့ကိုရောက်မှပဲ စကားတွေက အလွဲလွဲအချော်ချော်ဖြစ်ရတယ်လို့ကွာ "

အင်တာဗျူးဖြေရမည့်နေ့ကိုမှ တိုက်တိုက်ဆိုင်ဆိုင် အိပ်ရာထနောက်ကျကာ Company သို့ အပြေးအလွှားသွားရတဲ့ထိ၊ ရောက်သည့်အခါတွင်လည်း လူတစ်ယောက်၏ခြေထောက်နှင့် တိုက်မိကာ ချော်လဲလုဆဲဆဲဖြစ်သွားသောကြောင့် ရန်စကားပြောခဲ့ရသေးသည်၊ ထိုသူနားလည်မည်မဟုတ်သော ကိုယ့်မြန်မာစကားနှင့်သာ တုတ်ခဲ့၍သာ တော်တော့သည်၊ မဟုတ်လျှင် အင်တာဗျူးဖြေခါနီး ရန်ပွဲဆင်နွှဲနေရဦးမည်ဖြစ်သည်၊

" အင်တာဗျူးဖြေတာ အဆင်ပြေတယ်မလား၊ ကိုယ့်အလှည့်ရောက်လို့ ဝင်လိုက်ဦးမယ် "

အခန်းထဲကအထွက် စောနက ရန်ဖြစ်ခဲ့ရသော လူကြီး၏ ပြောစကားကြောင့် ကြောင်ရပ်နေမိသည်၊

" ငါဖြေနိုင်၊မဖြေနိုင် သူနဲ့ဘာဆိုင်လို့လဲ "

ပြောချင်ရာပြောပြီး အခန်းထဲသို့ဝင်သွားသော ထိုသူအား နှာခေါင်းရှုံ့လိုက်ရင်း အပြင်သို့ထွက်ရန်ပြင်စဉ် ရုတ်တရက်...

" ဟာ! ဟိုလူကြီး မြန်မာလို ငါ့ကိုပြောသွားတာပဲ၊ စကားပြောတာလည်း မဝဲဘူး၊ လုံးဝမြန်မာစစ်စစ်အတိုင်း၊ သွားပြီ မင်းတော့သွားပြီ ရှိန်းမင်းထက်ရေ "

မြန်မာလူမျိုးတစ်ယောက်ကိုမှ မြန်မာလိုပြောပြီး အတင်းတုတ်ခဲ့မိသည်မို့ ထိုလူကြီးစိတ်ထဲတွင် မည်မျှလှောင်ပြောင်နေမည်မသိပေ၊ ခေါင်းကိုသာတဗြင်းဗြင်းကုတ်ရင်း အမြန်သာ ထွက်လာခဲ့လိုက်သည်၊

Hotel သို့သာ ပြန်ရန်ပြင်ထားသော်လည်း မွန်းတည့်ချိန်သို့ရောက်ပြီဖြစ်၍ ဆာလောင်နေသောဗိုက်ကို ဖြည့်ရန် Company အနီးအနားရှိ စားသောက်ဆိုင်တစ်ခုသို့ သွားလိုက်သည်၊

စားသောက်ဆိုင်သို့အရောက်တွင်တော့ menu ဖတ်ကာ မှာစရာရှိတာများမှာထားရင်း laptop ဖွင့်ကာ mailများကို စစ်ကြည့်နေလိုက်သည်၊

" Excuse me "

ဖန်ခွက်နှင့်ထည့်ထားသောရေကိုလှမ်းယူသောက်ရင်း ကြားလိုက်ရသောအသံကြောင့် မော့ကြည့်မိလိုက်သည်၊

ထင်မှတ်မထားသော ||Completed||حيث تعيش القصص. اكتشف الآن