အပိုင်း ( ၃၁ )

9.9K 734 31
                                    

နောင်တ ဆိုတာ နောင်မှရတာတဲ့... မှန်လိုက်တဲ့ စကားတစ်ခွန်း...

အတိတ်ကဖြစ်ပျက်ခဲ့သမျှကို မေ့ပစ်လိုက်ချင်သည်...မေ့နိုင်အောင်လည်း ကြိုးစားနေပါလျက်နှင့် အရိပ်မည်းလို လိုက်ပါလာသော အတိတ်ဆိုးက မျက်နှာသာပေးပုံမရ...

မနက်ခင်းနေရောင်ခြည်၏နွေးထွေးမှုကို ခံယူရန် တိုက်ခန်းအပြင်သို့ထွက်ကာ အညောင်းအညာပြေ လမ်းလျှောက်ရန်ပြင်လိုက်သည်၊

တိုက်ခတ်လာသော လေနုအေးအေးက မျက်နှာပြင်အား ပွတ်တိုက်သွားသော အခိုက်အတန့်...

အေးချမ်းလိုက်တာ...

ဒီလိုအေးချမ်းမှုမျိုး ပိုင်ဆိုင်ခွင့်မရခဲ့သည်မှာလည်း ကြာချေပြီ...

တစ်နေ့တာလုံး အလုပ်ထဲတွင်ခေါင်းနှစ်ထားကာ ကိုယ်တိုင်ပင်ပန်းအောင်နေနေသော်လည်း ညဘက်အိပ်ရာဝင်ခါနီးလျှင်တော့ အတွေးပေါင်းစုံဝင်ဝင်လာကာ အိပ်မက်ဆိုးတို့က ညတိုင်းနီးပါး ခြောက်လှန့်နေဆဲပင်...

မရည်ရွယ်ပါဘဲလျက် မှားခဲ့မိသောအမှားတစ်ခုအတွက် ကိုယ့်ဘက်တွင်တာဝန်မရှိပါဘူးဟူ၍လည်း မသိချင်ယောင်မဆောင်ခဲ့...လက်နှီးစုတ်တစ်ခုလို သုံးပြီးသည်နှင့် ပစ်ချထားခဲ့သည်လည်းမဟုတ်...

ကိုယ်ကျူးလွန်မိခဲ့သောကောင်လေးနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည့်အချိန်တွင်တော့ ထိုကောင်လေးက မရှိခဲ့သောကိစ္စအဖြစ်သတ်မှတ်လိုက်ပါ ဆိုသည့်အတွက် နှစ်ဦးသဘောတူကျေအေးခဲ့ပြီးဖြစ်သည်၊

ယုတ်စွအဆုံး ထိုကောင်လေး၏နာမည်ကိုပင် ရှိန်းမင်းထက် မသိခဲ့... ကာယကံရှင်နှစ်ဦးလုံးဘက်က ဘာမှမဖြစ်သလို နေခဲ့ကြသော်လည်း ယခုတွင်တော့ ဖော်ကောင် ဇေယျနိုင်၏လက်ချက်ကြောင့် ဘာလုပ်ရမည်ကိုမသိတော့...

ကိုယ့်ဘက်က ပြသနာမရှိသော်လည်း ထိုကောင်လေးကတော့ ဒုက္ခအကြီးအကျယ်ရောက်နိုင်သည်၊

ဇေယျဘက်ကတောင်းဆိုလာသည်ကိုလည်း မျက်နှာလွှဲခဲပစ်၍ မသိချင်ယောင်ဆောင်မနေနိုင်...

လောလောဆယ်တွင် ဇေယျအားပေးမည့် ပိုက်ဆံကိုလည်း ဘယ်ကဘယ်လိုရှာရမည်ကိုမသိ... အလုပ်ပင် တစ်နေ့ကမှ အင်တာဗျူးထားရသည်ဖြစ်ရာ အောင်မအောင်လည်း ယခုထိမသိရသေး... ယခင်အလုပ်ကိုလည်း ထွက်ခဲ့ပြီးဖြစ်၍ ပြန်ဆက်၍မရတော့...

ထင်မှတ်မထားသော ||Completed||Dove le storie prendono vita. Scoprilo ora