"Kai... Kai ထတော့..... ထတော့ကလေး "
ကျွန်တော့်နဖူးပေါ်အနမ်းခပ်ဖွဖွပေးရင်း
လာနှိုးသောSehun..."မောနင်း Jargi "
"ဟားဟား jargi ဆိုပဲ... အူးမွ...
ထတော့ ထတော့ ကိုယ်တို့တနေရာသွားစရာရှိတယ် "အိပ်နေရာမှထထိုင်လိုက်တဲ့အခြေအနေဖြစ်သွားပေမယ့်အိပ်ချင်စိတ်ကမပျောက်သေးတော့
ခုတင်ပေါ်မှာတင်ကမ္မဌာန်းရှုနေတဲ့ကျွန်တော်"ထပါဆို ထိုင်ရက်အိပ်နေတယ် ဒိကလေးကတော့ "
**အမင်း **
ရုတ်တရပ်ခန္တာကိုယ်လေပေါ်မြောက်သွားတဲ့
ခံစားချက်နှင့်အတူမျက်လုံးဖွင့်ကြည့်လိုက်တော့
ကျွန်တော်သိပ်မြတ်နိုးရတဲ့သူ့ရင်ခွင်ကျယ်ကြီးထဲမှာ...သူကိုယ်တိုင်ချီလာပြီးရေချိုးခန်းထဲထိပို့ပေးကာ
သွားတိုက်ဆေးတင်ထားပြီးသား
သွားတိုက်တံလေးကမ်းပေးရင်း...."ထပ်အိပ်မနေနဲ့တော့နော်....
ကိုယ်အကျီထုတ်ထားပေးမယ်... ""အင်းပါ Jargiကလည်းစိတ်ကြီးပဲ "
Jargiလို့ခေါ်ဖို့အတွေးကိုဒိမနက်မှရသည်....
ချစ်သူတွေဖြစ်နေပြီဆိုတော့နာမ်စားလေးတွေသုံးသင့်တယ်လို့စဉ်းစားကြည့်တော့ Jargiလို့ခေါ်တာပိုကောင်းတယ်ဟု
ထင်မိသောကြောင့်...." Kai ကိုယ်ပေါ့ပေါ့ပါးပါးအကျီတွေပဲ
ထုတ်ပေးထားတယ်... "သူထုတ်ထားပေးတဲ့ Sport T-shirt နဲ့
ဘောင်းဘီအားဝတ်ရင်း...."Jargi အခုဘယ်သွားမှာလဲ
မနက်၆နာရီပဲရှိသေးတယ် ""လေ့ကျင့်ခန်းသွားလုပ်မလို့... "
"ဘာရယ်! လေ့ကျင့်ခန်း... "
"အင်း ဒိလိုအချိန်ပင်လယ်နဘေးက
ကျောက်တုံးတွေပေါ်မှာလေ့ကျင့်ခန်းလုပ်ရင်
အဆုတ်ကျန်းမာရေးအတွက်ကောင်းတယ်..
ပင်လယ်လေကိုတဝကြိးရှုရတာ အဆုတ်သန့်တယ် ""Ommm.... jargi သဘော "
" ဟားဟား နေပါအုံး နိုးထဲက တjargi ထဲ Jar နေတာလေး ပြောပါအုံး "
"မကြိုက်ဘူးလား..မကြိုက်ရင်လည်း
ရတယ်လေ မခေါ်တော့ဘူး ""အဲ အဲ့လိုမဟုတ်ပါဘူး..... အရင်ကကိုယ့်ကိုHunလို့ခေါ်တာလေ ရုတ်တရပ်ကြီးဆိုတော့ ဘာကြောင့်လဲလို့ ကိုယ်ကသိချင်တာ "
YOU ARE READING
FALL ( Only You )
Fanfictionကြယ်ခြွေသူနဲ့ကြယ်ကောက်သူမှာ ကြယ်ကောက်သူပဲဖြစ်ပါရစေ.....