"Kai ထတော့"
ကျွန်တော်ရင်ခွင်ထဲမှာခေါင်းတိုးဝှေ့ပြီးအိပ်နေတဲ့သူ့နဖူးလေးကိုခပ်ဖွဖွနမ်းရင်းနှိုးလိုက်သည်..
အင်း... အဲ့လုပ်ကာမျက်နှာကို
ကျွန်တော်ရင်ဘတ်နဲ့ပွတ်ပြီးပြန်အိပ်သွားသည်ကလေးလေး... မတွေ့ရတဲ့အချိန်တစ်နှစ်လေးအတွင်းမှာ
ဒိလောက်ချစ်ဖို့ကောင်းလာစရာလိုလို့လား....ကျွန်တော်ရင်ထဲတိုးဝင်အိပ်နေတဲ့သူ့ကိုပြန်
ပွေ့ဖက်ရင်းရင်ဆိုင်ရမယ့်အနာဂါတ်ကိုကြိုတွေး
ပြီးကျွန်တော်ရင်ပူမိပြန်သည်.....ဟိုမိန်းမကိုသူလိုချင်တာလုပ်ပေးပြီးပြတ်ပြတ်သားသားအရင်လုပ်ရမယ်..
ပြီးမှကျွန်တော်အားလုံးကိုရဲရဲဝင့်ဝင့်ရင်ဆိုင်မယ်
Kaiကိုနောက်တစ်ကြိမ်မစွန့်လွတ်တော့ဘူး
သူနာကျင်ရမယ့်အဖြစ်ဘယ်တော့မှ
မဖြစ်စေရဘူး...."နိုးနေပြီလား..... ငါအရမ်းအိပ်မိသွားလား"
ကျွန်တော်ရင်ခွင်ထဲကဝက်ဝံပေါက်လေးက
ခေါင်းလေးမော့ပြီးမေးလာတော့မောနင်းKissအနေနဲ့နိုးခါစသူ့နှုတ်ခမ်းထူထူလေးကိုဖိနမ်းရင်း
နေ့ရက်အသစ်ကိုစတင်လိုက်သည်.."ဟင့်အင်း..... ကိုယ်အစောကြီးနိုးနေတာပါ"
ကျွန်တော့်ကိုမြတ်မြတ်နိုးနိုးကြည့်ရင်း
သူ့မျက်လုံးလေးတွေအရည်လဲ့လာတော့
ကျွန်တော်ရင်တွေထိတ်ရပြန်သည်....."Kai... ဘာလို့လဲ "
"Hun ငါကြောက်တယ်
ဒါတွေကအိမ်မက်ဖြစ်နေမှာ "သူ့ကိုကျွန်တော်ရင်ထဲဆွဲသွင်းလိုက်ပြီး
သူ့ဆံပင်တွေကိုအုပ်နမ်းရင်း..."မဟုတ်ပါဘူး တကယ်ပါ
အခုကစပြီးအားလုံးကပြီးဆုံးသွားပြီ
မင်းဘေးမှာကိုယ်အမြဲရှိနေမှာမို့ ""Hun ချစ်တယ် "
"ကိုယ်ရောပဲ ချစ်တယ် အများကြီး အများကြီး"
ကျွန်တော်စကားအဆုံးမှာပြုံးပြလာတဲ့
သူ့အပြုံးကြောင့်ကျွန်တော်ရင်တွေ
နွေးထွေးလာသည်...ကျွန်တော်အစောကြီးကတည်းဘာလို့သူနဲ့အတူရှိဖို့မကြိုးစားခဲ့မိတာလဲတွေးမိပြီးကိုယ့်ကိုကိုယ်အပြစ်တင်လို့မဆုံးဘူး...
YOU ARE READING
FALL ( Only You )
Fanfictionကြယ်ခြွေသူနဲ့ကြယ်ကောက်သူမှာ ကြယ်ကောက်သူပဲဖြစ်ပါရစေ.....