ဖိုးဖလံတွေ မီးထဲကိုကျသွားရင်
ကိုယ်ကတော့ ၀ဋ်ကျွတ်သွားတယ်လို့ပဲမြင်တယ်
မင်းကပြောအုံးမယ်
ခင်ဗျားကသိပ်ကိုအကြင်နာတရားမဲ့တာပဲလို့....ပူလောင်ပါတယ်ဆိုတဲ့မီးပုံထဲကို
မကျမခြင်း ထပ်ခါထပ်ခါတိုးနေရတဲ့ဘ၀က
ဘယ်လောက်ခံရခက်တယ်ဆိုတာ
မင်းမသိပါဘူးဘေဘီရယ်....ကိုယ်ကလည်း ပိုးဖလံလိုမျိုးလူသားတစ်ယောက်သာသာပါ။
မချစ်သင့်မှန်းသိရက်သားနဲ့ ချစ်တယ်။
ဆုလဒ်က နာကျင်ခြင်းတွေတပွေ့တပိုက်နဲ့ပေါ့...
ဒါတောင် ကိုယ်က မင်းကိုမစွန့်လွှတ်နိုင်ခဲ့ဘူး
မင်းဆိုတဲ့ လူသားလေးကို
ကိုယ့်နှလုံးသားထဲကနေမထုတ်သရွေ့
ဒီဘ၀ကူးလို့နောင်ဘ၀ထိတောင်
မင်းက ရှိချင်ရှိနေမှာ။ကိုယ်က ဖိုးဖလံလေးထက်ဆိုးတဲ့
အကောင်လေး တစ်ကောင်...
ဘာကောင်လဲသိလား...ဘေဘီ
မျက်ဝန်းနက်နက်တွေထဲမှာ
မင်းပုံရိပ်တွေအမြဲပြည့်နှက်နေပြီး
မင်းကလွဲ၍ ဘာမှမသိတဲ့
ကောင်လေးတစ်ယောက်ပေါ့ ဘေဘီရယ်
YOU ARE READING
လီယွန်
Poetryကမ္ဘာကြီးရဲ့တစ်ထောင့်တစ်နေရာမှာ ကိုယ့်ကို မင်းရှာတွေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်......လီယွန်