၂၀

414 40 4
                                    

မေလရဲ့မနက်​ခင်းတစ်​ခုမှာ
ကျူးလစ်​ပန်း​တွေဟာ ​လေထဲမှာ
အလန့်​တကြား နိုးထလာကြတယ်
မင်းက ကျုးလစ်​ပန်း​တွေရဲ့ပိုင်​ရှင်​တဲ့...
နောက်​နှစ်​​ ​မေလရဲ့မနက်​ခင်းတစ်​ခု​မှာ
ကျုးလစ်​ပန်း​တွေရဲ့အမည်​ကိုလည်း ​မေ့သွားတယ်
မင်းရဲ့နာမည်​ကိုလည်း မမှတ်​မိ​တော့ဘူး...
ရင်​နှီးခဲ့ဖူးတယ်​ဆိုတဲ့အသိတစ်​ခုကို​​တော့
ခံစားလို့ရ​နေ​သေးတယ်
ဒီ​နေ့မနက်​လမ်း​လျှောက်​ထွက်​ချိန်​မှာ
ပိုင်​ရှင်​မဲ့နှင်းဆီတစ်​ခင်းဟာ
ကိုယ့်​​ရှေ့မှာ​ဝေဆာ​နေ​လေရဲ့....

လီယွန်​Where stories live. Discover now