-zawgyi-
ရှေ့ကဆရာရဲ့ ထက်သန်တဲ့ ပို့ချချက်တွေက တကယ်တမ်း နားထဲမဝင်ခဲ့... နေပူလို့ ဘယ်တုန်းကမှ ထိုင်သူမရှိခဲ့တဲ့ မှန်ပြတင်းဘေးက ခုံလေးကိုသာ အာရုံစိုက်နေမိသည်...
အဲ့ဒီမှာ ရှိနေလောက်မလား...
ထိုသူ......
" yah...... sehun... yaa......"
အတတ်နိုင်ဆုံး တိုးရှရှလေသံလေးနဲ့ ဘေးခုံက သူငယ်ချင်း...
" ဘာလဲ "
" အတန်းဆင်းရင် အိမ်လိုက်ခဲ့... ဒီနေ့hyungပြန်လာလို့ စားကြသောက်ကြမယ် ငါ့ommaက မှာလိုက်တာ မင်းလည်းခေါ်ခဲ့လို့... jongdaeတို့ကောပဲ "
တိုးတိုးလေး ခိုးပြောနေတာတောင် နှုတ်ခမ်းပါးပါးကို ထောင့်ပုံစံမျိုးစုံဖြဲပြီး အားရပါးရပြောတတ်တဲ့ လူကောင်ပိစိနဲ့ မျက်မှန်ဝိုင်းလေး တပ်ထားတဲ့ သူငယ်ချင်းကိုကြည့်ပြီး ပြုံးစိစိဖြစ်သွားရသည်...
" လိုက်ခဲ့မယ် "
...
...
...
ရေချိုးခန်းထဲကထွက်လာပြီး ပေါ့ပေါ့ပါးပါး အိမ်နေရင်းဝတ်တစ်စုံကိုပဲ ကောက်စွပ်ထားလိုက်သည်... ဒီနေ့ဘယ်မှသွားဖို့မရှိတာမို့ စိတ်အေးလက်အေးပဲ weekendတိုင်း စောင့်ကြည့်နေကျ variety show တစ်ခုကိုကြည့်ဖို့ အောက်ထပ်ဆင်းရန်ပြင်သည်...
စားပွဲပေါ်မှာ ဖြစ်သလိုတင်ထားမိတဲ့ စာအုပ်တစ်ချို့...
မနေ့ညက baekhyunအိမ်က ယူလာခဲ့တာတွေ...
...
...
...
မွန်းတည့်ချိန်မို့ နေရှိန်က ခပ်သာသာ... တကယ်တမ်း နေရောင်စူးစူးကို မျက်စိက ခံနိုင်ရည်သိပ်မရှိပေမယ့် နေရာက မထမိသေး...
ရှေ့မှာပွင့်လျက်ရှိနေတဲ့ စာအုပ်တစ်အုပ်...
အတိအကျဆိုရလျှင် သူအောက်ထပ်ကနေ TVကြည့်ပြီး ပြန်တက်လာတဲ့နောက် ပွင့်လျက်ဆီးကြိုနေခဲ့တဲ့ စာမျက်နှာ...
သေချာနေရာတကျ စီမထားပေမယ့် ပိတ်ထားခဲ့တာ သေချာသော...မျက်ဝန်းအစုံကို မှိတ်ချလိုက်ပြီး တိုးဝင်နေတဲ့ ခပ်သွဲ့သွဲ့လေညှင်းကို ပိုအာရုံစိုက်မိသည်...
နဖူးပြင်ထက်...
အသာအယာမှိတ်ထားမိတဲ့ မျက်ခွံတို့ထက်...
ပါးပြင်ထက်...
နောက်ပြီး နှုတ်ခမ်းအစုံထက်...
နားရွက်ဖျားနဲ့လည်တိုင်ထက်ရောပါ...