အေးစက်စက်အထီးကျန်သော ခံစားမှုတို့ကို ဒုတိယအကြိမ်မြောက်ထပ်မံခံစားရခြင်း...
ပထမအကြိမ်က သူမျက်လုံးခွဲစိတ်သောအချိန်...
စိမ်းသက်သက်အေးစက်စက် ခံစားမှုတို့ကြား သူ့ကိုပထမဆုံးအကြိမ်ထားသွားခဲ့ပါသော kim Namjoon..ယခု ဒုတိယအကြိမ်...အထီးကျန်ကြောက်ရွံမှုတွေနှင့် သူ ခွဲစိတ်ခန်းရှေ့တွင် ငြိမ်သက်စွာရပ်လျှက်...
မဖြစ်ဘူး...ငါ့ကိုဒုတိယအကြိမ်ထားသွားလို့မဖြစ်တော့ဘူး kim Namjoon.....ကျေးဇူးပြုပြီး....မျက်ရည်စက်တစ်စက်က ပါးပြင်ပေါ်တစ်လိမ့်ချင်းလိမ့်ကျလာသည်..သူဝန်ခံပါသည် ဒါပထမဆုံးကျသည့်မျက်ရည်စက်...ရင်ထဲမှာနာကျင်ပြည့်ကျယ်လွန်း၍မျက်ရည်အချို့ကပင် နှုတ်ဆိတ်စွာငြိမ်သက်နေကြပြီ.....
ဒီမှာ..''kim Namjoonလူနာရှင်လားမသိဘူး?
အတွေးတို့ထဲချောင်ပိတ်မိနေစဉ် နားထဲခပ်ရေးရေးဝင်လာသော ဆရာဝန်မလေး၏အသံ...
Jin...ဟုတ်..ဟုတ်ပါတယ်..ဘာ များ..
ဆွံအအ ထစ်ငေါ့သော အဖြေတစ်ချို့ကသာပါးစပ်ထဲကထွက်ပေါ်လာသည် ..သူ့မျက်ဝန်းတွင်တော့မျှော်လင့်ချက်အပြည့်နှင့်........
ခွဲစိတ်လို့ပြီးပါပြီ..ဒါပေမဲ့ လူနာသတိရလာဖို့က...
Jin...ဗျာ..ဒါကဘာကိုဆိုလို..
D...ဦးဏှောက်ကိုပြင်းပြင်းထန်ထန်ထိသွားတယ်ဗျ..အခုတော့အသက်ကိုမှီခဲ့ပေမဲ့ သတိရဖို့ဆိုတာမလွယ်တဲ့ ကိစ္စ ပါ...
Jin....ဘာ ဟေ့လူ ဒီ ဒီလိုလုပ်လို့ရမလား..
ဆရာဝန်၏duty coatကိုခပ်ကြမ်းကြမ်းဆွဲကာ ဆောင့်ရမ်းရင်း သူအော်ဟစ်နေမိသည်..ဒီလို..ဒီလိုဖြစ်စရာလား....
သူတို့ရဲ့ အိမ်မက်တွေဒီနေ့မှစ၍လက်တွေ့ဘဝထဲတွင်ဖော်ဆောင်ရတော့မှာ...အခုလို အိမ်မက် ကမ္ဘာထဲ သူ့ကိုလွှတ်လိုက်ရမည်တဲ့လား......ကံတရားသည် ရက်စက်စွာ လူနှစ်ယောက်၏အိမ်မက်အချို့အား ဝါးမျိုခဲ့လေခြင်း.......

YOU ARE READING
Closer....
Fanfictionတကယ်လို့ttsnowlay accမှာ ep14ထိဖတ်ခဲ့သူလေးများရှိရင်ep15ကနေစပြီးဒီမှာတင်တော့မှာပါလို့.😍😍