CoDa 1

7.5K 388 21
                                    

စိမ်းစိုကျယ်​ပြန့်​​သော မြက်​ခင်းပြင်​ကျယ်​ကျယ်​ကြီးက အစိမ်း​ရောင်​​ကော်​​ဇောပြင်​ကြီးခင်းထားသည့်​နှယ်​ မျက်​စိ​အေးစွာလှပလျှက်​ရှိသည်​...

.​​လေတဟူးဟူးတိုက်​ခတ်​လျှက်​ရှိသည့်​ကုန်းပြင်​မြင့်​​လေး​တွေ​တော့ ​ချော​မောရှင်းသန့်​​သောအမျိုးသားတစ်​​ယောက်​က ခန့်​ညားတည်ြိငိမ်​စွာ ရပ်​လျှက်​ အ​ဝေးတစ်​​နေရာစီ​ငေးကြည့်​လျှက်....အဖြူ​ရောင်​အကျီ်​ပွပွကိုဝတ်​ဆင်​ထားကာ နို့နှစ်​​ရောင်​အသားအရည်​တို့ကထင်းလျှက်​ပင်

နီရဲရဲခပ်​ဖူးဖူးနှုတ်​ခမ်းငုံက တင်းတင်း​စေ့ထားပြီး ခပ်​ရွဲ့ရွဲ့အပြုံးတစ်​ခုကိုဖန်​ဆင်း​တော့မည့်​အသွင်​ပင်

Kim Namjoon ​နောက်​ဆုံး​တော့ မင်းလွတ်​လာပြီ​ပေါ့

နှုတ်​ဖျားမှဖြည်းညှင်းတိုးလျစွာ​ရေရွတ်​လိုက်​​သော ထိုစကားတို့တွင်​ နာကျည်းချက်​များ မည်​မျှပါဝင်​​နေသည်​ဆိုတာကို​တော့ ဘယ်​သူမှသိနိုင်​မည်​မထင်

💫💫💫💫💫💫💫💫💫💫💫💫💫

ဂျိန်း

တစ်​ချို့​သောသူ​တွေအတွက်​​တော့ ထိုအသံသည်​ အမင်္ဂလာ အသံလည်းဖြစ်​​ကောင်းဖြစ်​လိမ့်​မည်

တစ်​ချိန်​ကထိုအသံသည်​Namjoonအတွက်​လည်း အမင်္ဂလာ လာပင်​ဖြစ်​ခဲ့ဘူးသည်​ ..ယခုမူ​တော့ မင်္ဂလာ ရှိစွာ လွတ်​လပ်​မှုတစ်​ခုကို​ဖော်​ကျူးး​နေသည့်​နှယ်

ထောင်​တံခါးဝကို​ကျော်​ဖြတ်​ကာ အပြင်​​လောကသို့ဦးတည်​လိုက်​သည်​နှင့်​ စီတန်းလျှက်​ရှိ​သော အနက်​​ရောင်​ကားတန်း​ပေါင်းစုံ...တဖျတ်​ဖျတ်​ရိုက်​ကူးကြ​သော Cameraမီး​ရောင်​​တွေ  ​ဝေးကွာတာကြာပြီဖြစ်​၍ စက္ကန့်​ အနည်းငယ်​​တော့Namjoonစိမ်းသက်​သွားမိသည်

သို့​သော်​​မြောက်​များလှ​သော သတင်း​ထောက်​​တွေကိုတွန်းဖယ်​ရင်း သူ့အားလာ​ခေါ်​သော ကိုယ်​ရံ​တော်​အဖွဲ့​နောက်​သို့namjoonခပ်​ပြုံးပြုံး​လေးလိုက်​သွားလိုက်​သည်
သဘာဝ​လေ​လေးက အဆုတ်​ထဲထိပင်​​အေးမြ၍​နေသည်

💫💫💫💫💫💫💫💫💫💫💫💫💫💫

ဟက်
လက်​ထဲကဖတ်​လက်​စသတင်းစာကိုလုံး​ချေပြီးseok jinခပ်​မဲ့မဲ့​လေးရယ်​လိုက်​သည်​..ဒီ​နေ့၏သတင်းစာတွင်​ သူထင်​သည့်​အတိုင်း kim Namjoon၏မျက်​နှာကထင်းခနဲပင်​ပါလာသည်

နိုင်​ငံ​တော်​ဝန်​ကြီးချုပ်​၏တစ်​ဦးတည်း​သော​မြေး..ရုပ်​ရည်​​ချော​မောပြီး လူတိုင်းအားကျရသည့်​ဘဝကိုပိုင်​ဆိုင်​ထားရပါသည်​ဟူ​သောkim Namjoon....

3နှစ်​တာကာလအတွင်း ​ထောင်​ထဲသို့​ရောက်​ခဲ့ရပြီး ယခုပြန်​ထွက်​လာ​တော့လည်း ကြိုဆိုသူအုန်းအုန်းဖြဖြနှင့်

ခပ်​ပြုံးပြုံးနှင့်​ထိုမျက်​နှာပုံနှင့်​သတင်းစာကိုမသတီစွာ တံ​တွေးဖြင့်​​ထွေးလိုက်​ပြီး​ခြေ​ထောက်​ဖြင့်​နင်း​ချေလိုက်​သည်

ပြုံးနိုင်​တုန်းပြုံးထား​ပေါ့ Kim Namjoonရာ
မင်းအပြစ်​​တွေအတွက်​​ကျေပြီမထင်​နဲ့
ငါ​ပေးမဲ့အပြစ်​က အခုမှစမှာ

Jinမျက်​နှာ​ပေါ်တွင်​ မဲ့ပြုံး​လေးတစ်​ခုဖြတ်​​ပြေးသွားကာ ကျယ်​ဝန်းခမ်းနားလှ​သော အိမ်​ကြီး၏ဧည့်​ခန်းတစ်​​နေရာသို့ ဦးတည်​၍​လျှောက်​သွားလိုက်​သည်

ငွေမှင်​​ရောင်​ ​ဘောင်​ကွတ်​ထားသည့်​ ပန်းချီကားကြီးတစ်​ချက်​ကို ခပ်​​တွေ​တွေစိုက်​ကြည့်​လိုက်​ကာ မျက်​ဝန်းမှ​ဆွေးရိပ်​အချို့က​တော့ ဖြတ်​​ပြေးသွား​သေးသည်

kim seok min မင်းအတွက်​ငါလက်​စား​ချေ​ပေးပါ့မယ်​ ​သေချာ​ပေါက်

ခပ်​တိုးတိုးစကားတို့ကိုနှုတ်​ခမ်းလှုပ်​ယုံမျှ​ပြောလိုက်​ကာ
သူ့ရင်​ဘတ်​တစ်​​နေရာကိုလက်​က​လေးနှင့်​ဖိစမ်းလိုက်​သည်​ အတိအကျဆိုရ​သော်​ နှလုံးသား၏​နေရာတည့်​တည့်​ ...​သေရာပါ​ရေးစွဲထားသည့်​ တတ်​တူး​လေး..
နာမည်​က CoDa.....

💫💫💫💫💫💫💫💫💫💫💫💫💫
First epစာသား​တွေအချိုးမ​ပြေမှုအတွက်​ကြို​တောင်းပန်​ပါတယ်​​နော်​😬
အခုမှစ​ရေးဖူးတာမို့နားလည်​​ပေးကြပါ

မဆင်​မ​ပြေတာ​လေး​တွေ ​ပြော​ပေးကြပါ​နော်
ကျေးဇူးတင်​ပါတယ်​ 😍

CoDa (ကိုဓ)Where stories live. Discover now