CoDa..9

1.7K 273 10
                                    


အချစ်​ကို တပါးသူ​တွေက မည်​သို့ဖွင့်​ဆို ကြသည်​မသိ
Namjoonအတွက်​​တော့ အချစ်​သည်​ ဆူးပင်​တစ်​ပင်​နှင့်​ ဘာမှမခြား..ကိုယ်​ကချစ်​လွန်း၍ အရူးအမူး​ပွေ့ဖက်​မိ​လေ ပိုမိုနာကျင်​​သော ဒဏ်​ရာ​တွေသာရရှိ​လေပင်​...

အခု​ရော...အခုလည်းJinဟူသည့်​ သူတစ်​​ယောက်​ဆီ
သူ၏ ဘဝတစ်​ခုလုံး နှင့်​တိုးကပ်​လာခဲ့ပါ​သော်​လည်း သူရခဲ့တာ ဒဏ်​ရာများသာ....

Kim seok Min မင်းဝဋ်​​တွေငါလည်​​နေပြီထင်​ပါရဲ့

********************************

မီး​ရောင်​မှိန်​မှိန်​နှင့်​ Club၏သီးသန့်​ခန်းတွင်​ Namjoonနှင့်​Jinအပြင်​jameပါရှိ​နေကြသည်​..အ​ကြောင်းမှာ Jameက​သောက်​ရ​အောင်​​ခေါ်တာ​ကြောင့်​​ရော..jinကိုစိတ်​အပန်း​ပြေ​အောင်​ပါ Namjoon​ခေါ်လာခဲ့ခြင်းဖြစ်​သည်​...

ငါသန့်​စင်​ခန်းသွားလိုက်​အုံးမယ်

Jinကဝိုင်​ကိုတစ်​ရှိုက်​ထဲ​မော့ချလိုက်​ပြီး Namjoonနားသို့ကပ်​ကာအသိ​ပေးလိုက်​သည်​..Namjoon​ခေါင်း​လေးကိုညိမ့်​ပြကာ..

အွန်း..သတိထားသွား

အမ​လေးကွာ Clubထဲ​တော့ စနိုက်​ပါနဲ့​ချောင်းမပစ်​ပါဘူးJoonieရာ..

အကဲပို​နေ​သောသူ့ကိုကြည့်​မရ၍ထင်​သည်​..​ဘေးကJameကမဲ့ရွဲ့ကာဝင်​​ပြောသည်​..သူဘာမှမ​ပြောပဲခပ်​ပြုံးပြုံးပင်​ ပန်းသီး​လေးတစ်​စိတ်​ကို​ကောက်​ဝါးလိုက်​၏..
မတတ်​နိုင်​ချစ်​တာကိုး..
.
.
.
.
.
Namjoonလက်​ထဲကနာရီကိုကြည့်​ကာ ဖင်​တကြွကြွဖြစ်​​နေ​ချေပြီ...Jinထွက်​သွားတာနာရီဝက်​​လောက်​ရှိ​နေပြီဖြစ်​​သော်​လည်း အခုထိပင်​မလာ​သေး...

Namjoonအိပ်​ကပ်​ထဲမှ ​ဆေးအချို့ကို ​ရေအကူမပါပဲ ဝါးလိုက်​ကာ ထိုအခန်းထဲမှထွက်​လာခဲ့လိုက်​သည်​...Jameကတား​သော်​လည်း သူ ဂရုမစိုက်​မိ​တော့..

ဆေး​ကြောင့်​ပဲလား..Jinကိုပဲစိတ်​​ရောက်​​နေ၍လားမသိ ထိပ်​တိုက်​​တွေ့လာသမျှမိန်းက​လေးအများစုအား Namjoon​ရှောင်​ရှားရင်း သန့်​စင်​ခန်းဘက်​သို့ဝင်​လာခဲ့သည်​..အခန်းတစ်​ခန်းမှမကျန်​ရှာ​ဖွေပါ​သော်​လည်း
Jinမရှိ...

CoDa (ကိုဓ)Where stories live. Discover now