CoDa..5

2.1K 273 25
                                    

ဟေး kim seok jin! ! Joonie​ရော

Jinပျင်းပျင်းရှိသည်​နှင့်​ခြံထဲကပန်းပင်​များကို​ရေ​လောင်း​နေစဉ်​ ဘယ်​အချိန်​က​ရောက်​​နေမှန်းမသိလိုက်​​သောjame၏အသံ​ကြောင့်​ လှည့်​ကြည့်​လိုက်​ကာ အိမ်​ထဲသို့​မေးဆက်​ပြလိုက်​သည်​..

အိမ်​ထဲမှာလား? Thx U

Jameဆိုသည့်​သူကိုကြည့်​ရတာ အမြဲတမ်း​ပေါ့ပါးလန်းဆန်းလျှက်​ရှိသည်​.ခင်​မင်​စရာ​ကောင်း​သောလူတစ်​​ယောက်​ဖြစ်​ပါ​သော်​လည်း kim Namjoon၏အချစ်​ဆုံးသူငယ်​ချင်းဆိုသည်​နှင့်​ပင်​ အလိုလို မုန်းတီးမိသွားတာ​တော့ သူလည်းမတတ်​နိုင်​​တော့..

***********************

Ya!! Joonie? ဟင်​ မင်းနိုး​နေတာလား

Namjoonအိပ်​​နေမည်​ထင်​​နေခဲ့​သော်​လည်း သ​ကောင့်​သားက မှန်​ပြတင်း​ပေါက်​နားမှီရပ်​ကာ ​အောက်​ကိုလှမ်းကြည့်​​နေသည်​ကို​တွေ့ရသည်​..သူ့အသံ​ကြောင့်​ Namjoonက ကုတင်​ရှိရာဘက်​သို့ခပ်​ပြုံးပြုံးနှင့်​ပြန်​​လျှောက်​လာကာ ထိုင်​လိုက်​သည်

အ​စောကြီးပါလား?

အဲ့တာငါက​ပြောရမှာ joonie! အ​စောကြီးထလို့ပါလား?

ဟက်​!အဲ့​လောက်​ထူးဆန်းလို့လားjameရ

မင်း kim seok jinနဲ့တွဲ​နေပြီလား?

ဝါး...တကယ်​ငါ့သူငယ်​ချင်းကို​တော့ညာလို့မရဘူးပဲ
ဟုတ်​တယ်​jame!မင်းထင်​သလိုပဲ

ဒီတစ်​​ယောက်​က​ရော"
ဘယ်​​လောက်​ထိတွဲမယ်​စိတ်​ကူးလဲ"

Namjoonအကျင့်​ကိုသိတာမို့ ခပ်​​ပေါ့​ပေါ့​လေးပင်​jame​မေးလိုက်​သည်​..ခပ်​ပြုံးပြုံးNamjoonမျက်​နှာက ​လေးနက်​ခြင်းအပြည့်​နှင့်​တည်​ကြည်​သွားပြီး

ငါသူ့ကို အချိန်​ကာလမရှိပဲ တွဲချင်​တယ်​"
သူ့အ​ပေါ်ငါ့ခံစားချက်​ကအရင်​လူ​တွေနဲ့မတူဘူးjame!

မင်းသူ့ကိုချစ်​​နေပြီလို့​တော့ မ​ပြောနဲ့​နော်​joonie

အံ့သြမှု​တွေအပြည့်​ဖြင့်​ ​မေးလိုက်​​သော jameအ​မေးကို သူမ​ဖြေမိ..သူလည်းအဲ့တာကိုသိချင်​​နေခဲ့
တာ..
အချိန်​တိုတို​လေးအတွင်းမှာ ဆူးတစ်​​ချောင်းလို နစ်​ဝင်​လာခဲ့တဲ့ အဲ့ခံစားချက်​ကဘာလဲဆိုတာကို....

CoDa (ကိုဓ)Where stories live. Discover now