အခန်း(၄၂) ကျူးစစ်ယွိဘဝ : အချစ်၏မာယာ
Arc 5 : Fighting the cross-over wife
TGN : အချစ်၏မာယာ
Translator - invisible_clover
•••
ဒီတစ်ခါမှာတော့ ကျိုးယွင်ရှန့် နဲ့ ချောင်းမိုခွန်းတို့တစ်ချိန်တည်းနီးပါးအိပ်ပျော်သွားကြသည်။ သူကြယ်ပင်လယ်အာကာသကိုရောက်တော့ ကမ္ဘာကြီးရဲ့ပြင်းထန်တဲ့စွမ်းအင်တွေက ဝဲဂယက်သဖွယ် ကျိုးယွင်ရှန့် ကိုယ်ထဲဝင်ရောက်သွားပေမယ့် တစ်ချို့ကတော့ပျောက်ဆုံးနေသည်။
ကျိုးယွင်ရှန့် ကြိုးစားပြီးရှာကြည့်ပေမယ့် အဲ့ဒီစွမ်းအားတွေဘယ်ရောက်သွားလည်းရှာမရပေ။
အဲ့ဒီလူမှာကော သူ့လို lord godကို အမှီမပြုတဲ့ ကိုယ်ပိုင်ကြယ်ပင်လယ်အာကာသရှိနေတာလား။ ဒါက ကျိုးယွင်ရှန့် တွေးမိတဲ့ တစ်ခုတည်းသောအဖြေပင်။
သူ့ချစ်သူက သူ့နောက်ဘဝတိုင်းလိုက်နေသလား ဆုံးဖြတ်ဖို့ ကျိုးယွင်ရှန့် မအိပ်တော့ပဲအခြားကမ္ဘာကိုခုန်ကူးလိုက်သည်။
အခုသူကရှေးကျတဲ့ကုတင်တစ်ခုမှာလှဲလျောင်းနေပြီး သူ့ရှေ့ရင်းခြေသုတ်ဖုံနားမှာက အိပ်ငိုက်နေတဲ့ကောင်မလေးတစ်ယောက်ရှိနေသည်။ အခန်းထဲမှာတော့ အမွှေးအိုးထဲကထွက်လာတဲ့နံ့ သာရနံ့ ကမွှေးပျံနေသည်။
ဒီကမ္ဘာက အရမ်းကိုထူးခြားသည်။ ယောက်ျား၊မိန်းမနဲ့ကော် ဆိုပြီး လိင်သုံးခုရှိသလို 'ကော'ဆိုတဲ့သူတွေက ကလေးမွေးနိုင်တဲ့ယောက်ျားတွေဖြစ်နေကြသည်။ သူတို့ရဲ့ရုပ်ရည်က ယောက်ျားနဲ့မခြားပေမယ့် သူတို့ကခန္ဓာကိုယ်တစ်နေရာမှာ ကျူးရှားကျစ် လို့ခေါ်တဲ့မှဲ့အနီလေးတွေရှိတယ်။ မှဲ့အရောင်တောက်လေး သားဖွားနိုင်စွမ်းမြင့်လေပဲ။
ဒီတိုင်းပြည်ကို ချူယွင်ကော် လို့ခေါ်ပြီး ယခင်ကအကြောင်းအရင်းမရှိ မိန်းမတွေကသားဖွားနှုန်းကျဆင်းခဲ့သည်။ နှစ်ပေါင်းများစွာ သန္ဓေမြုံတာလည်းရှိသလို တစ်ဘဝလုံးသန္ဓေမြုံတာလည်းရှိကြသည်။ မွေးရင်လည်းသားယောက်ျားကိုသာမွေးကြပြီး သမီးမိန်းကလေးမမွေးကြပေ။ တိုင်းပြည်ရဲ့ လူဦးရေဟာအန္တရာယ်အခြေအနေမှာရောက်လာတော့ အမတ်တွေကစိုးရိမ်ကြောင့်ကျပြီး ဧကရာဇ်ရဲ့အမျိုးသားချစ်သူကိုစွပ်စွဲခဲ့သည်။ သူ့ရဲ့ဖြစ်တည်မှုက နတ်ဘုရားတွေကိုစိတ်ဆိုးစေပြီး အခုလိုဖြစ်ရသည်ဟုဆိုတာ ထိုအမျိုးသားကိုယစ်ပူဇော်ရန်လျှောက်တင်ကြသည်။

YOU ARE READING
ဗီလိန်မာယာ 【FOD Zawgyi】
AdventureQuickly wear the face of the devil Author: ©®Fengliu Shudai Original translation: ©® keztranslations ကျိုးယွင်ရှန့်ဆိုတာသိပ္ပံခေတ်ကhackerတစ်ယောက်။သူက ဘဝရာထောင်ချီဗီလိန်အဖြစ်ပြန်လည်မွေးဖွားဖို့ Lord Godရဲ့ရွေးချယ်ချင်းကိုခံခဲ့ရတယ်။...