Arc 7 - Facing a double rebirth attack
TGN - ဗီလိန်မာယာ
Translator - invisible_clover
အခန်း (၆၂) ချီရှိုးကျဲ့ဘဝ
တွေ့ဆုံခွဲခွာရသည့်အကြိမ်ရေများလာသဖြင့် ကျိုးယွင်ရှန့်အထွေအထူးမခံစားနေတော့။ လက်ကျန်စွမ်းအင်တစ်ဝက်ကိုသာစုပ်ယူပြီး နောက်ကမ္ဘာသို့ခုန်ကူးလိုက်သည်။
မျက်လုံးဖွင့်လိုက်သည်နှင့်အမှောင်ထုက ဆီးကြိုနေပြီးသွေးညှီနံ့ များလှိုင်လျက်ရှိသည်။ သူ့ခန္ဓာကိုယ်ကနာကျင်ကိုက်ခဲနေပြီး အရိုးများပင်ကျိုးကြေနေသည်ဟုခံရသည်။ သူရောက်နေသည်မှာ အကျဉ်းထောင်ထဲတွင်ပင်။မျက်နှာချင်းဆိုင်သစ်သားတိုင်များကြားမှ တစ်ဖက်နံရံရှိသွေးစွန်းနေသော ညှင်းပမ်းကိရိယာများကလက်ရှိခန္ဓာအခြေအနေကိုညွှန်ပြနေသည်။ ကျိုးယွင်ရှန့် ခန္ဓာကိုယ်ကိုပြင်ဆင်ရန်အလောမကြီးဘဲ မူရင်းမှတ်ဥာဏ်များကိုပြန်ကြည့်လိုက်သည်။
ဤကမ္ဘာသည်လည်း ယောက်ျား၊မိန်းမနှင့်'ကော'များရှိရာလောကဖြစ်ပြီး ပြိုင်တူပြန်လည်မွေးဖွားခဲ့ကြသည့်ဇာတ်လမ်းမျိုးပင်။ ဇာတ်လိုက်Gongသည် ရန်ကော်နိုင်ငံပြည့်ရှင်ဖြစ်ပြီး ဆန်ကုန်မြေလေးဘုရင်တစ်ပါးဖြစ်ကာ ညီတော့ရွှမ်ဝမ်၏ပုန်ကန်မှုကြောင့် မျှားမှန်သေဆုံးခဲ့ရသည်။
ဇာတ်လိုက်Shouသည် ကောတစ်ဦးဖြစ်ပြီး စစ်သူရဲမျိုးနွယ်မှဆင်းသက်လာက တပ်မှူးတစ်ဦးလည်းဖြစ်သည်။ သူ့၏လှပရုပ်ရည်ကြောင့် တော်ကောက်ခြင်းခံရပြီး ကိုယ်လုပ်တော်ဖြစ်လာသည်။ ဆန်ကုန်မြေလေးဘုရင်သည် အသုံးအဖြုန်းကြီးပြီး အလှအပလည်းမက်မောသောကြောင့် သူ့နံဘေးတွင် အလှပဂေးများဒါဇင်ချီရှိ၏။ ထိုအလှပဂေးတို့မှာအကြံသမားများချည်းသာ။ ဇာတ်လိုက်Shouကဲ့သို့ သဘောဖြူအူစင်းကြာပန်းကလေးက ထိုအကြံဆိုးများကိုအဘယ်မှာရိပ်စားမိပါမလဲ။ ထို့ကြောင့် သူ၏ဆယ်နှစ်အရွယ်သားတော်လေးကိုဆုံးရှုံးခဲ့ရသည်။
![](https://img.wattpad.com/cover/142250898-288-k594440.jpg)
VOCÊ ESTÁ LENDO
ဗီလိန်မာယာ 【FOD Zawgyi】
AventuraQuickly wear the face of the devil Author: ©®Fengliu Shudai Original translation: ©® keztranslations ကျိုးယွင်ရှန့်ဆိုတာသိပ္ပံခေတ်ကhackerတစ်ယောက်။သူက ဘဝရာထောင်ချီဗီလိန်အဖြစ်ပြန်လည်မွေးဖွားဖို့ Lord Godရဲ့ရွေးချယ်ချင်းကိုခံခဲ့ရတယ်။...