အခန်း (၇၁) ချီရှိုးကျဲ့ဘဝ
လီကျင်းထျန်းကျိုးယွင်ရှန့်အားအိပ်ရာပေါ်သို့ပစ်တင်ပြီး ကိုယ်ကိုငုံ့ကိုင်ကိုင်းလိုက်သည် ထိုတစ်ခဏမျက်ဝန်းချင်းဆုံးပြီးနောက် သူကြောင်အစွာခေတ္တရပ်သွားလေသည်။ ကျိုးယွင်ရှန့်သူ့ကိုနံဘေးသို့တွန်းထုတ်လိုက်ကာ ကုတင်စွန်းတွင်ထိုင်လိုက်သည်။
လီကျင်းထျန်း၏မျက်လုံးများကရောက်တည်ရာရာမရှိ သို့သော်လှုပ်ရှားမှုတို့ကရပ်တန့်မသွားပေ။ ခြုံစောင်ကိုဆွဲဖြဲပြီးကိုက်ဆွဲကာ တော်သလင်းခွေးနှယ်အကြမ်းပတမ်းပြုမှုရင်းငြီးငြူနေတော့သည်။
ကျိုးယွင်ရှန့် ပျင်းရိသည်အထိထိုင်ကြည့်ပြီးနောက်နန်းဆောင်အပြင်သို့ထွက်သွားလိုက်သည်။
လီရွှီသုန်းကနန်းဆောင်အပြင်မှာစောင့်နေပြီး လီကျင်းထျန်း၏အော်သံကြားချိန်တွင် ဖိနပ်ကြားမှဓားမြှောင်အားဆွဲထုတ်လိုက်သည်။ သို့ပေမယ့်ရုတ်တရက်အဆောင်တံခါးပြန်ပွင့်လာပြီး ခမည်းတော်ဘာမှမဖြစ်ဘဲပြန်ထွက်လာတာအြင်တော့မှ လီရွှီသုန်းမျက်လုံးထဲမှသွေးဆာမှုများပျောက်ကွယ်သွားလေသည်။
"ခမည်းတော်မင်းကြီးကထိခိုက်အောင်လုပ်လိုက်သေးလား''
ကျိုးယွင်ရှန့်ကပြန်မဖြေ လီရွှီသုန်းလက်ထဲမှဓားမြှောင်၌သာအကြည့်ရောက်နေသည်။ ''မင်းကဘာလုပ်မလို့လဲ။နေ့ခင်းကြောင်တောင်နန်းတွင်ထဲ ဘုရင်ကိုလုပ်ကြံမလို့လား။ စောက်ရူး... ငါမင်းကိုဘယ်နှစ်ခါပြောရ...''
ကျိုးယွင်ရှန့်စကားကမဆုံးလိုက် ရုတ်တရက်ပစ်ဝင်လာသည့်လီရွှီသုန်းကြောင့်ရပ်သွားရသည်။ ဒီကလေးဟာ၁၅သာရှိသေးပေမယ့်လို့ လူကောင်ထွားပြီးအရပ်ရှည်တာကြောင့် သူ့မေးစေ့ဟာကျိုးယွင်ရှန့်ပုခုံးပေါ်ပင်ရောက်နှင့်နေပြီ။ကျိုးယွင်ရှန့်ကောင်ကလေးအား မတွန်းထုတ်ရက် ဘာပဲပြောပြော ဒီကလေးကသူမွေးထားတဲ့သားမဟုတ်လား။

YOU ARE READING
ဗီလိန်မာယာ 【FOD Zawgyi】
AdventureQuickly wear the face of the devil Author: ©®Fengliu Shudai Original translation: ©® keztranslations ကျိုးယွင်ရှန့်ဆိုတာသိပ္ပံခေတ်ကhackerတစ်ယောက်။သူက ဘဝရာထောင်ချီဗီလိန်အဖြစ်ပြန်လည်မွေးဖွားဖို့ Lord Godရဲ့ရွေးချယ်ချင်းကိုခံခဲ့ရတယ်။...