🌺 Episode :~ 2
Chae ~ ငါ ဒီခုတင်မှာပဲ အိပ်ရမလား
Chaeစကားကြားတော့ သူမမျက်ခုံးလေး ပင့်တက်သွားသည် Chaeစိတ်ထဲမှာတော့ သူမကChaeနဲ့ မအိပ်ချင်ဘူးယူဆတာကြောင့်
Chae ~ နင်မအိပ်ချင်လဲရတယ်နော် ငါဟိုဘက်ခန်းမှာ သွားအိပ်ပေးမယ်
သူမငြိမ်သွားတယ် စဉ်းစားနေတယ်ထင်ပါတယ် ခဏကြာတော့ သူမနှုတ်ခမ်းပါးလေးလှုပ်ရှားလာတယ်
Tzu ~ ဟိုဘက်ခန်းမှာ သွားအိပ်စရာမလိုပါဘူး ဒီမှာပဲ အိပ်ပါ ငါ့ကြောင့်နဲ့တော့ စိတ်ကသိကအောက့် မဖြစ်ပါနဲ့ လွတ်လွတ်လပ်လပ်ဘဲနေပါ ပြီးတော့ နင်နဲ့ငါက လက်ထပ်ထားတာပဲလေ သူများအမြင်တင့်တယ်အောင်တော့ အတူတူအိပ်ရမှာပေါ့
Chae ~ ok ဒါဆို ငါအိပ်ပီနော် good night
သူအဘယ်ချိန်ထဲက အိပ်ချင်နေလဲမသိ Tzuခွင့်ပြုချက်ရတာနဲ့ တန်းကနဲ ခုတင်ပေါ်တက်ပြီး အိပ်တော့တာပဲ ဘာပဲဖြစ်ဖြစ် Tzuကိုသူမ အလေးထား တယ်ဆိုတာ သိလိုက်ရတော့ Tzuစိတ်ထဲမှာ ပျော်သလိုလို ကျေနပ်သလိုလိုပဲ ဟုတ်တယ်လေ သူမနေရာမှာ တစ်ခြားတစ်ယောက်ဆို Tzuကိုဒီလိုမေးမယ်မထင် အသားတွေယူရင်ယူအုံးမှာ မင်္ဂလာဦးည ဘာညဆိုပီးတော့ ခုတော့Tzuတို့နှစ် ယောက်ရဲ့မင်္ဂလာဦးညလေးက သာမန်ညလေးတစ် ညကုန်ဆုံးသလိုပဲ ကုန်ဆုံးသွားတယ်ဆိုတာ သူမနဲ့ Tzuကလွဲလို့ ဘယ်သူသိမလဲ
Time ship>>> The next day... ...
Tzu's POV
Tzuမနက်စောစောနိုးတက်တဲ့ အကျင့်ရှိသည် ဒါကြောင့်မို့ ဒီနေ့လဲ အစောနိုးလာခဲ့သည် သူမကိုကြည့်လိုက်တော့ မနိုးသေးပေ အိပ်မောကျနေတုန်း Tzu တစ်ညလုံး အိပ်ထားရတော့ အညောင်းအညာပြေအောင် အကြောဆန့်လိုက်ပီး အိပ်ယာကထလာလိုက်သည် ပြီးတော့ မီးဖိုခန်းထဲဝင်ကာ မနက်စာပြင်ဆင်နေလိုက်တယ် သူမနိုးလာရင်လဲ အဆင်သင့်စားလို့ရတာပေါ့ Tzuချက်ထားတာတွေ သူမ ကြိုက်မကြိုက်တော့မသိ Tzuကတော့ ချက်နေရင်းနဲ့ကို စားချင်နေပီ စားချင်မှာပေါ့ Tzuကြိုက်တာတွေပဲ ချက်ထားတာလေ ဒီလိုနဲ့ Tzuချက်ပြုတ်ပီး မနက်စာအဆင်သင့်ဖြစ်ချိန်မှာ သူမနိုးလာခဲ့တယ်

YOU ARE READING
Tomorrow with LOVES ( အချစ်များနဲ့မနက်ဖြန် )
FanfictionUni + zg မချစ်တတ်သူတွေက တစ်ကယ်ချစ်တတ် လာကြပြီဆိုရင် ... အရမ်းချစ်တတ်ပါတယ်ဆိုတဲ့ လူတွေ ... အရှုံးပေးလိုက်ရလောက်အောင်ကို ချစ်တတ်ကြတယ်... တစ်နည်းအားဖြင့်ပြောရရင် အရူးလိုပဲ စဉ်းစားဆင်ခြင်နိုင်စွမ်းတေ မရှိတော့ဘူး