🌺 Episode : ~ 4
One Month LaterChae ~ Tzu ညနေကျရင် ရုပ်ရှင်သွားကြည့်ရအောင်လေ မနေ့ညက စဉ်းစားကြည့်တော့ ဒီအတောတွင်း ငါတို့နှစ်ယောက်တူတူ ဘယ်မှမသွားဖူးဘူး
Tzu ~ ကောင်းသားပဲ Tzuလဲတစ်နေ့တစ်နေ့ အိမ်ထဲမှာပဲ နေရတာ ငြီးငွေ့လာပြီ ညနေဘယ်ချိန်လောက် သွားမလဲ
Chae ~ ငါရုံးက ပြန်လာရင် သွားမယ်လေ ဒီနေ့ စောစောပြန်လာခဲ့မယ် Tzuက အဆင်သင့်လုပ်ထားလိုက်လေ
Tzu ~ Ok. Tzuစောင့်နေမယ်နော်
Chae ~ omm ဒါဆို ငါသွားတော့မယ် ညနေတွေ့ကျတာပေါ့
Chae's POV
Tzuတစ်ယောက်ပျော်နေတာမြင်ရတော့ Chaeစိတ်ထဲမှာ ကြည်နူးသလိုလို Tzuနဲ့လက်ထပ်ပီးထဲက အပြင်လဲတစ်ခါမှအတူတူမသွားဖူးပေ Honeymoonထွက်ဖို့လုပ်တုန်းကလဲchaeအလုပ်ကိစ္စတွေကြောင့်မထွက်ဖြစ်ခဲ့ Tzuနဲ့စကားပြောရတဲ့အချိန်ဆိုလို့ မနက်ခင်းအလုပ် မသွားခင်နဲ့ ညနေအလုပ်ဆင်းချိန်ကပဲ စကားပြောဖြစ်တယ် ညကျတော့လဲ Chaeအလုပ်တွေကြောင့် Tzuကိုအချိန်မပေးဖြစ်ခဲ့ Tzuနဲ့Drama ဇာတ်ကားတွေအတူတူမကြည့်ဖြစ် ထို့ကြောင့် Tzuကို Chaeအားနာလာသည် Tzuကဘာမှမပြောပေမယ့် chaeတာဝန်မဲ့သလို ခံစားလာရသည် သေချာစဉ်းစားကြည့်တော့ Tzuသည်အနေအေးတာကလွဲလို့ chaeအပေါ်ကြင်ကြင်နာနာရှိသည် အမြဲဂရုစိုက်ပေးသည် Tzu..Chaeကို အလေးထားတယ်ဆိုတာ Chae မနက်ရုံးမသွားခင် Tzu ပြင်ဆင်ပေးတဲ့ မနက်စာလေးက သက်သေပြနေသည် Tzuကျေးဇူးကြောင့် chaeဆိုင်မှာမစားဖြစ်တာတောင် တော်တော်ကြာနေပြီဖြစ်သည် ဒါကြောင့် Tzuကို ကျေးဇူးတင်တဲ့အနေနဲ့ အခုလိုစီစဉ်လိုက်ခြင်းဖြစ်သည် အမှန်တော့ Chae..Tzuနဲ့အတူတူ ရုပ်ရှင်ကြည့်ပီး လျှောက်လည်ချင်တာလဲပါသည် တစ်လတောင်ကြာပီဆိုတော့ Chaeနဲ့Tzuတစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာ၍အရင်ကထက်ပိုရင်းနှီးလာပါပီ တစ်ခါတစ်လေ ရုံးဆင်းချိန်တန်လို့ အလုပ်မဆင်းနိုင်ခဲ့ရင်Tzuကိုလွမ်းလာသလိုဖြစ်လာသည် ။ Tzuကိုတွေ့နေကျအချိန်တိုင်း တွေ့ချင်လာခဲ့သည် ။ ထို့ကြောင့်အခုတလော အလုပ်ဘယ်လောက်ပဲ များများ အလုပ်တော့ တော်တော်ဆင်းဖြစ်နေသည်ကိုMiတောင် သတိထားမိနေပီ ဒီနေ့တစ်နေ့လုံး Chaeစိတ်ပျော်နေသည် ညနေမြန်မြန်ရောက်ဖို့ဆုတောင်းနေမိသည်။ စိတ်စောနေလို့လားမသိ ဒီနေ့မှ အချိန်တွေက ကြာနေသလိုလို နာရီလက်တံလေး 3:30PM ကိုရောက်ပီဆိုတာနဲ့chaeချက်ချင်းလုပ်လက်စအလုပ်တွေကို သိမ်းလိုက်ပီးသည်နှင့် Miကို နှုတ်ဆက်ကာ အိမ်ကိုအမြန်ပြန်လာခဲ့သည်။ အိမ်ရောက်တယ်ဆိုရင်ပဲ အဆင်သင့်ပြင်ပီး စောင့်နေတဲ့ Tzuကိုchaeတွေ့လိုက်ရသည်။ သူမဒီနေ့အရမ်းလှနေသည် သူမကိုတွေ့လိုက်ရတော့ chaeအမောတောင် ပြေသွားသလိုပင်
YOU ARE READING
Tomorrow with LOVES ( အချစ်များနဲ့မနက်ဖြန် )
FanfictionUni + zg မချစ်တတ်သူတွေက တစ်ကယ်ချစ်တတ် လာကြပြီဆိုရင် ... အရမ်းချစ်တတ်ပါတယ်ဆိုတဲ့ လူတွေ ... အရှုံးပေးလိုက်ရလောက်အောင်ကို ချစ်တတ်ကြတယ်... တစ်နည်းအားဖြင့်ပြောရရင် အရူးလိုပဲ စဉ်းစားဆင်ခြင်နိုင်စွမ်းတေ မရှိတော့ဘူး