🌺 Episode : ~ 6
Chae ~ Tzuငိုနေတယ် .. .. .. chaeတောင်းပန်ပါတယ် chaeမှားသွားပါတယ် Tzu..chaeကို ကြိုက်တဲ့ အပစ်ပေးပါ chaeခံပါ့မယ် ဒါမယ့် Tzuမငိုပါနဲ့ chaeစိတ်မကောင်းလွန်းလို့ပါ chaeကိုစိတ်မဆိုးပါနဲ့နော်
Tzu ~ Tzu..Chaeကို စိတ်လဲမဆိုးဘူး ဘာအပစ်မှလဲ မပေးဘူး chaeမမှားပါဘူး chaeမှန်ပါတယ် Tzuငိုနေတာမဟုတ်ပါဘူး မျက်ရည်တွေက သူ့အလိုလိုကျနေတာ chaeညာလိုက်တာကို စိတ်မဆိုးဘူး ဒါမယ့် စိတ်မကောင်းဖြစ်မိတယ် chae..Tzuကို chaeအသိုင်းဝိုင်းထဲမှာ ပေါ်ပေါ်လွင်လွင် မတွဲရဲဘူးဆိုတာ Tzuသိလိုက်ရလို့ Tzuစိတ်မကောင်းဖြစ်မိတာပါ
Chae ~ အဲ့လိုမဟုတ်ပါဘူးTzuရယ် chaeက.
Tzu ~ Tzuအထင်သေးခံရမှာမကြောက်ဘူးchae ဒီခေတ်မှာလဲ မိန်းကလေးချင်းချင်းလက်ထပ်တာ Tzuတို့နှစ်ယောက်ထဲ မဟုတ်ဘူး
Chae ~ ဒါမယ့်.
Tzu ~ Tzuဘာလို့ မျက်ရည်တွေကျနေရတာလဲ နားမလည်ဘူး Tzuအရင်တုန်းက ဒီလိုပျော့ညံ့တဲ့ မိန်းကလေးမဟုတ်ဘူး ဒါမယ့်ဘာလို့ ဒီနေ့မှ ဒီနေရာက နာကျင်နေရတယ်မသိဘူး Tzu..chaeကို ချစ်မိနေပီလား ဒါမှမဟုတ် Tzu..chaeကိုချစ်နေတာလား Tzuကိုယ်တိုင်တောင် မသိတော့ဘူး အရမ်းနာကျင်လွန်းလို့ အသက်ရှုလို့တောင်မဝတော့ဘူး
Chae ~ Tzuရယ်.. .. ..
Chae မျက်ရည်တွေနဲ့Tzuကိုမြင်ရတော့ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ Tzuဆီက chaeကို ချစ်နေတယ်ဆိုတဲ့စကားကို ကြားလိုက်ရတော့ အံ့သြသွားတာလဲအမှန် Tzuကchaeကို ချစ်တယ်တဲ့လား ဒါမယ့် chaeကတော့ Tzuကိုချစ်လားမချစ် လားဆိုတာ chaeနှလုံးသားကို ပြန်မေးရအုံးမည် ။သေချာတာကတော့ Tzuကိုမျက်ရည်ကျအောင် လုပ်မိလို့ ဘယ်ဘက်ရင်အုံကနာကျင်နေတာတော့အမှန် ဒါကTzuပြောတဲ့ အချစ်ဆိုတာလား သေချာမဝေခွဲနိုင်သေးပါ။ Chaeဆုံးဖြတ်ချက်ချလိုက်သည် မနက်ကျရင်တော့ Miကိုအမှန်တိုင်းပြောပြတော့မည်။ Tzuကchaeလက်ထပ်ထားတဲ့ မိန်းကလေးဆိုတာကိုပေါ့
ESTÁS LEYENDO
Tomorrow with LOVES ( အချစ်များနဲ့မနက်ဖြန် )
FanficUni + zg မချစ်တတ်သူတွေက တစ်ကယ်ချစ်တတ် လာကြပြီဆိုရင် ... အရမ်းချစ်တတ်ပါတယ်ဆိုတဲ့ လူတွေ ... အရှုံးပေးလိုက်ရလောက်အောင်ကို ချစ်တတ်ကြတယ်... တစ်နည်းအားဖြင့်ပြောရရင် အရူးလိုပဲ စဉ်းစားဆင်ခြင်နိုင်စွမ်းတေ မရှိတော့ဘူး