နင်မချစ်သောငါ ငါမချစ်သောနင် part7

66 7 0
                                    

သျှားခတ်ပွင့်အကျီကိုအတင်းဆွဲချွတ်နေတဲ့ ကောင်ကို ခန့်ထည်ဝါ.ဂုတ်ကဆွဲပြီး လှည့်လာတာနဲ့ မျက်နှာကို သုံးလေးချက်ဆက်တိုက် ထိုးပစ်တယ်...လက်ကလည်း လဲကျသွားမှာမို့လို့.ဆွဲထားပြီ. အပြင်းထန်ဆုံးထိုးလိုက်တယ်..

သျှား.မျက်လုံးအပြူးသားနှင့်ကြည့်နေတယ်..အကိုရဲ့ ထိုးချက်တွေ ပြင်းထန်နေတဲ့အပြင်... လက်မှာဝတ်ထားတဲ့ လက်စွက်ကြောင့် အထိုးခံလိုက်ရတဲ့ အောင်သူရဲ့မျက်နှာဟာ သွေးများဖြင့်...ခန့်ထည်ဝါ စိတ်ပါသလို ထိုးပြီမှ ကုတင်ပေါ်ကို တွန်းချလိုက်တယ်.

သျှားလက်ကို ကိုင်ပြီး သျှားနဲ့ အောင်သူကို တစ်လှည့်စီ ကြည့်ပြီး ခန့်ထည်ဝါ.ဖုန်းထုတ်လိုက်တယ်.

ခန့်ထည်ဝါ."ရတု..နှစ်ယောက်လောက်ခေါ်ပြီး ငါ့hotelလာခဲ့..အဲ့ကောင်ကို အိမ်ခေါ်ခဲ့..

ရတု."ဟုတ်ကဲ့..

ခန့်ထည်ဝါ."မင်းက ငါ့ညီမကို ထိရဲတယ်ပါ့ ဟတ် မင်းရဲ့ထိရဲတဲ့ အဲ့လက်တွေ ငါ့ပြန်ထိပြမယ်.တောက်!.

ခန့်ထည်ဝါ.အပြင်မှာ ရပ်နေတဲ့ hotelလုံခြုံရေးတွေကို စူးစိုက်စွာကြည့်ပြီး..သျှားလက်ကိုဆွဲပြီး
အပြင်ထွက်သွားတယ် အပြင်ရောက်တော့ ကားတံခါးကဖွင့်ပြီးသား.

ကားပေါ်ကိုသျှားကိုထည့်လိုက်ပြီး အကြမ်းပတမ်း တံခါးကိုပိတ်ပစ်လိုက်တယ်.
ပြီးတော့ သူကိုယ်တိုင်လည်း.ရှေ့ခန်းက ဒရိုင်ဘာ ကိုဆွဲချပြီး.ဝင်မောင်းလိုက်တယ်.

သျှား.တစ်ယောက် အကိုရဲ့ စိတ်တိုမှုတွေဒေါသတွေကြောင့်. စကားပြောချင်ပေမဲ့ အသံပင်မထွက်ရဲ.

ခန့်ထည်ဝါ.ရဲ့ ဒေါသရိပ်ဖုံးနေတဲ့ မျက်နှာကို ကြည့်ရငိး. တံတွေးတွေ မျိုချပြီး.

သျှား ပြတင်းပေါပ်ဘက်ကို ပြန်ကြည့်လိုက်တယ်.

ခန့်ထည်ဝါ.ညီမရဲ့ တည်ငြိမ်နေတဲ့ ပုံကို ကြည့်ရငိး ရှေ့ကိုသာ ကြည့်ပြီး ဆက်မောင်းလိုက်တယ်.

(😁ရက်စက်တော့မယ်နော်.😂)

သွေးတွေ တစ်စက်စက်ကျပြီး. လက်ကောက်ဝတ်မှာ ခတ်ထားတဲ့. သံကြိုးတွေကြောင့် အဆမတန်နာကျင်သော်လည်း..ရိုက်ချက်ပြင်းပြင်းတွေဟာ လျော့သွားတဲ့အရှိန်မရှိ ပို၍ပြင်းထန်လာတဲ့. ရိုက်ချက်ကြောင့် ရိုက်ခံရတဲ့. အသားစပ်တွေဟာ လန်ထွက်သွားတယ်. ခန့်ထည်ဝါရဲ့လက်ထဲက သံကြိုးသေးသေးလေးကို သျှားယူပြီး လက်မှာ ပတ်လိုက်တယ်.
သျှား မျက်စောငိးထိုးနေတဲ့ အောင်သူ မကြာခင်ပြာကျမည့်အလားပင်.

နင်မချစ်သောငါ  ငါမချစ်သောနင် Where stories live. Discover now