{The Piano} 7

53 13 0
                                    


ကောင်လေး...

မင်းဒီနေ့ ထွက်သွားရတော့မယ်မလား?
စိတ်မပူပါနဲ့ ....
မင်းငါနဲ့ အတူ ရှိမနေရင်တောင်
မင်းကအကောင်းဆုံးလုပ်နိုင်မဲ့လူစားမျိုးပါ...။

ကိုယ့်ဘဝမှာ.. ကြုံတွေ့ လာမဲ့ ပြသနာအားလုံး ကို မင်းကြိုဆိုလိုက်ပါ...
ဘယ်တော့ မှရှောင်မပြေးပါနဲ့ ကောင်လေး...။

မင်းရွေးခြယ်သမျှလမ်းကို
ယုံကြည်ပေးနေတဲ့ငါ ရှိနေတယ်ဆိုတာ အမြဲသတိရပေးပါ..။

မင်းကို စ စတွေ့ ခဲ့တဲ့ရက်ကတည်းက
ဒီလို အဖြစ်ပျက်တွေကြုံလာမှာ ငါ
လက်ခံသားပြီးသားမို့ ...
ငါ့အပေါ်ကို မင်းအပြစ်တွေမကင်း
သလိုအကြည့်တွေနဲ့  မကြည့်ပါနဲ့ လား....။

ငါတကယ်အဆင်ပြေနေတာမို့ လို့ ...။

ဘယ်နေရာပဲရောက်ရောက်
ဘာတွေပဲဖြစ်နေနေ...
ငါတို့ ပြန်စုံစည်းနိုင်ဖို့ ... ငါအကောင်းဆုံးကြိုးစားမှာမို့ ...

ဘဝကပေးတဲ့ Challenge မှန်သမျှကို
အားတင်းစွာဖြတ်သန်းရင်းမင်းစောင့်နေပါ....
ငါတို့ တစ်နေ့ ကျ ပျော်ရွှင်စွာပြန်လည်စုံစည်းကြမယ်...။

အခုတော့ ဘဝကပေးတဲ့ ပထမဆုံး mission ဖြစ်တဲ့... ငါတို့ နှစ်ယောက်ခွဲခွာမှုကို စတင်လိုက်ရအောင်.....။

မင်းလုပ်နိုင်တယ်မလား....?
ငါပြုံးနေပေးမယ်.......။

" A BOY & HIS BROWN PIANO "Where stories live. Discover now