{The Boy} 8

47 10 0
                                    

9 နှစ်ကြာသွားခဲ့တယ်....။

သူ့ ကိုပြန်တွေတဲ့အချိန်မှာ.. ကျွန်တော်အခု ၁၄ နှစ်...။
ကျွန်တော့် memories တွေထဲမှာ
အချိန်ကြာကြာပျောက်နေပြီဖြစ်တဲ့ သူ..။

ကျွန်တော်သူ့ ကိုပျော်ရွှင်မှုတွေနဲ့ နှုတ်မဆက်နိုင်ခဲ့ဘူး.....။

ကျွန်တော့်ကို မုန်းနေပြီလား....?။

သူ့ ကိုစစတွေချင်း
ကျွန်တော်တို့ ကြားမှာ အချိန်
အကြာကြီးဝေးကွာခဲ့ရတာမို့ ...
ခဏလောက်တော့စိတ်က
ကသိကအောင့်နိုင်ခဲ့ပေမယ့်....
ကျွန်တော် သူ့ ရဲ့ လက်ကလေးတွေကို .. တစ်ခါပြန်လည်ဖမ်းဆုပ်တဲ့အခါမှာတော့... ကျွန်တော့ရဲ့ စိုးရိမ်မှု,
မသက်သာမှု.. ဝမ်းနည်းမှုတွေက
ကျွန်တော့ကိုပဲ လျှင်မြန်စွာနှုတ်ဆက်သွားခဲ့တယ်...။

ကျွန်တော် နောက်ဆုံတော့
သိလိုက်ပါပြီ......
ကျွန်တော်အမြဲတန်း မေးခွန်းထုတ်ခဲ့ရတဲ့ သူ့ ဆီကအဖြူရောင်လက်တန်
လေးတွေရဲ့ ရည်ရွယ်ချက်ကို....။

သူ့ ဆီက အကြာကြီးထွက်ခွာသွားခဲ့ပေမဲ့ ... ကျွန်တော် ပြန်လာတဲ့အချိန်မှာ.. တွေဝေခြင်းမရှိပဲ.... ကျွန်တော့်ကိုလက်ခံပေးခဲ့သူက .. သူ..။

သူသာ... မရှိခဲ့ရင်..
ကျွန်တော့ဘဝကဟင်းလင်းပြင်တစ်ခုလို ဘာမှမရှိတော့ဘူးဆိုတဲ့ အတွေးနဲ့ 
သူဆီမှာ တစ်ညလုံး အချိန်ကုန်ဆုံးနေမိတယ်...။

ထိုနေ့ က ....
ကောင်လေးတစ်ယောက်နဲ့ 
စန္ဒယားအိုတစ်လုံး....
မနက်ခင်းရဲ့ ဆည်းဆာကို အတူတူကြိုဆိုခဲ့ကြတယ်..။

လက်မလွှတ်လိုက်ပါနဲ့ ....
ကျွန်တော်လဲခင်ဗျားရဲ့ လက်ကို
လွှတ်တော့မှာမဟုတ်လို့ ....။

" A BOY & HIS BROWN PIANO "Where stories live. Discover now