အပိုင်း ၃

842 58 4
                                    

"Jae Jae ဘာတွေမှိုင်နေတာလဲ"

ကျွန်တော် Yongနဲ့အတူ ကျောင်းလဲ မလာရသလို Yongနောက်လဲ မလိုက်သွားရတာကြောင့် အတန်းထဲမှာ ထိုင်မှိုင်နေခြင်းကို ကျွန်တော့်ဘေးခုံမှ သူငယ်ချင်းလေးက အရစ်ခံရမည်ကို မကြောက်မရွံ့ လာမေးနေသည်။

"Winner yah...... "

"Yah မငိုနေနဲ့လေ...ဘယ်သူ မင်းကို အနိုင်ကျင့်လဲပြော...ငါဆရာမနဲ့သွားတိုင်ပေးမယ်..."

"Winner က အကောင်းဆုံးဘဲ..... ငါ့ကိုလည်းအချစ်ဆုံးဘဲ...ဟုတ်တယ်မလား...."

"ဒါပေါ့... ငါက မင်းသူငယ်ချင်းဘဲကို...ပြီးတော့ ငါ့နာမည် Win Winပါဟာ...Winnieလို့ခေါ်ရင်ခေါ်ပေါ့....ဘာကို Winnerလဲ"

"ငါက မင်းကို ခင်လို့ အဲ့လိုခေါ်တာလေ...ဘာလဲ မင်းလဲ Yongလိုဘဲ စိတ်ပုတ်နေပြီးလား"

"ဘာလဲ Taeyong hyung က မင်းကို အော်လိုက်လို့လား"

"မဟုတ်ပါဘူး..."

ကျွန်တော် ညက အကြောင်းတွေ Win Winကို ပြောပြလိုက်သည်။ ကျွန်တော်နဲ့ Win Win က အတန်းထဲမှာသာ သူငယ်ချင်း အပြင်ရောက်ရင် မသိချင်ယောင်ဆောင် နေကြတာ။ ထူးဆန်းတယ်မလား Win Win တို့အိမ်က အရမ်းစည်းကမ်းကြီးတာ။ သူစိမ်းတွေနဲ့ စကားပြောတာ မကြိုက်သလို သူငယ်ချင်းထားတာလည်း မကြိုက်။ အခု အရမ်းနာမည်ကြီးနေတဲ့ DS ကုမ္ပဏီရဲ့ အမွေ ဆက်ခံသူ ဆိုတော့လည်း အခုလို ချုပ်ချယ်ခံရတာမဆန်း။ ကျွန်တော်သာဆို အဲ့လို ထောင်ထဲမှာ မနေနိုင်ပါ။ကောင်းကင်မှာ လွတ်လွတ်လပ်လပ်ကို ပျံသန်းနေမှာ။ ဒါမဲ့ မဆိုစလောက်လေး ပြည့်လွန်းနေတဲ့ ကိုယ်လုံးကိုယ်ပေါက်ကြောင့် ဝက်ငှက်ကလေးတော့ ဖြစ်နေမှာ သေချာတယ်။ အဲ့ဒါလည်း Yongကြောင့်ဘဲ။ ဘာလို့ အရသာရှိတာတွေ ချက်ကျွေးရတာလဲ။

"Jae Jae"

"Jaehyun"

"Yah Jung Jaehyun"

"ဟာ Winner yar လန့်သွားတာဘဲ....ငါနားကောင်းပါတယ်..ဖြေးဖြေးခေါ်"

"ထားလိုက်တော့...အခု မင်းက Taeyong Hyung နဲ့ မလိုက်သွားရလို့ ထိုင်မှိုင်နေတာပေါ့"

"အွင်း"

"Hyung အဖေနဲ့အမေ နှစ်ပတ်လည်လေဟာ....ဒီလိုနေ့မှာတောင် မင်းသူ့ကို တစ်ယောက်ထဲ မပေးနေဘူးလားဟ....ပြီးတော့ မင်းကို စိတ်မချလို့လည်း အန်တီ့ကို မှာသွားသေးတာကို.... မင်းကိုက စိတ်ပုတ်တာ...Hyungကို နားလည်မပေးဘူး"

Abnomal Love [Complete] Where stories live. Discover now