အပိုင်း ၁၂

684 57 4
                                    

14Feb

ဒီနေ့ ဗယ်လင်တိုင်းဒေး တစ်နည်းအားဖြင့် Jaehyunမွေးနေ့ဖြစ်တာမို့ ကျနော် အရမ်းပျော်ရွှင်နေသည်။ ကျနော် သူ့အား လက်ဆောင်ပေးရန် ပြင်ဆင်ထားသည်မှာ တစ်လပင် ပြည့်နေပြီးဖြစ်သည်။ကျနော့ ပြောရဲတာ တစ်ခုက သူကျနော့် လက်ဆောင်ကို ကြိမ်းသေ သဘောကျမှာ...။

"JJ Happy Birthday''

"ကျေးဇူးပါ Tennie''

Jaehyunအား စပါယ်ရှယ်လက်ဆောင်ကို ဂုဏ်ယူဝင့်ကြွားစွာ ပေးလိုက်သည်။

"ဘာလဲ Ten ''

"လက်ဆောင်လေ...''

"မင်းပြောမှလား...ဘာ ပါလဲ မေးတာ''

"ဖွင့်ကြည့်ပေါ့ တကယ်ဘဲ စေတနာနဲ့ကို မတန်ဘူး''

Ten စိတ်ကောက်ပြီး တစ်ဖက်သို့လှည့်သွားသည်။

ကျွန်တော်လည်း ပြန်မချော့သေးဘဲ သူ့လက်ဆောင်ဘူးကိုသာ ဖွင့်ကြည့်လိုက်သည်။ ချောကလက်တုံးလေးတွေကို သေချာစီထည့်ထားတဲ့ ဖန်ဘူးလေးနဲ့ photo album တစ်ခုကို တွေ့ရသည်။

ချောကလက်ဘူးကို ဖွင့်ကာ နှိုက်စားဖို့ပြင်လိုက်မိသည်။
Albumက ထုတ်မကြည့်ထိတော့။ သူ့selcaတွေဘဲ နေမှာ။ Ten က ထိုကဲ့သို့သော အရာတွေကို သဘောကျတတ်တာ ကျွန်တော်သိထားသည့် အချက် မဟုတ်လား။

ပါးစပ်ထဲ ဝင်ခါနီး ချောကလက်ကို ရိုက်ချခံလိုက်ရတာကြောင့် ဘေးက အနှီကောင်ကို တစ်ချက် ပေ ပြီး ကြည့်ပေးလိုက်သည်။ Jung Jae hyunက အစားနဲ့ ပတ်သတ်ရင် သည်းခံတတ်သူ မဟုတ်။

"အစားဘဲ မငမ်းနေနဲ့JJ..... albumကို အရင်ကြည့်''

ထပ်ပြောရင် စကားများနေမယ်ဆိုတာကို သိတာကြောင့် ပြုတ်ကျသွားသည့် ချောကလက်အား ကောက်ကာ ပါးစပ်ထဲပစ်ထည့်လိုက်သည်။ ပြီးမှ သူဖွင့်စေချင်သည့်
Albumကို ဖွင့်ကြည့်လိုက်သည်။

ဘယ်လောက်အရေးကြီးတဲ့အရာမို့ နေ့ကူးတာနဲ့ လာပေးရတာပါလိမ့်။

ကျွန်တော် စစဖွင့်တော့ Jaeyong ဆိုသော ကျွန်တော်တို့နှစ်ယောက် ရဲ့ နာမည်အတိုကောက်တွေကို သေသပ်စွာ ပုံဖော်ထားသည့် အဖြူရောင် ပန်းပွင့်လေးတွေရဲ့ ပုံကိုတွေ့လိုက်ရသည်။

Abnomal Love [Complete] Where stories live. Discover now