Part 4

181 15 3
                                    

'သား.... ပြန်​လာပြီ လား ..​နှင်း​မေနဲ့ မိုးယံ တိုနဲ့ ​တွေ့ခဲ့ရဲ့လား သား´
သော်​ကမှူးပိုင်​ ဦးခန့်​​မောင်​ကို​တွေ့သဖြင့်​ ဧည့်​ခန်းထဲသို့ဝင်​လာရာ ဦးခန့်​​မောင်​က ​မေးလို​က်​ခြင်းပင်​ဖြစ်​သည်

'ဟုတ်​ကဲ့ သားပြန်​လာပါပြီ daddy ´

'သားထိုင်​အုံး daddy ​ပြောစရာရှိတယ်​´

သော်​ကမှူးပိုင်​လည်း ဦးခန့်​​မောင်​​ရှေ့တွင်​ ဝင်​ထိုင်​ကာ ဦးခန့်​​မောင်​၏စကားကို နား​ထောင်​​နေသည်

' မနက်​ဖြန်​ကျရင်​ daddy သားကို ဘုန်း​စေနဲ့​တွေ့​ပေးမလို့ ပြီး​တော့ သားလည်း သီချင်း တိုက်​တာ ၊ အသံသွင်းတာ ​တွေလုပ်​ရမယ်​​လေ ။ပွဲကလို​သေးတယ်​ဆို​ပေမဲ့ practice​တွေလုပ်​ထားသင့်​တယ်​´

'ဟုတ်​ daddy အဲဒါဆို သား မနက်​ဖြန်​ ​daddy
Company ကိုလိုက်​ခဲ့မယ်​​လေ´

'အင်း ​ကောင်းပြီ ​ရေချိုးပြီး ​စော​စောနား​တော့ ​တော်​ကြာမနက်​ကြာရင်​ မနိုးဘဲ​နေမယ် daddy သားအ​ကြောင်း daddy သိတယ်​´

'ဟီးဟီး..... daddy ကလည်း,အဲဒါဆို မနက်​ကြရင်​ သားကို ကြီးကြီးနဲ့ နိးခိုင်းလိုက်​ပါအုံး​နော်​´

သော်​ကမှူးပိုင်​ လည်း ဦးခန့်​​မောင်​ကို​ပြောကာ သူ၏အိပ်​ခန်းထဲသို့ဝင်​သွားသည်

သော်​ကမှူးပိုင်​ သည်​ တစ်​ဉ်ီးတည်း​သောသားဖြစ်​ကာ မိတဆိုး​လေးမို့ တစ်​အိမ်​လုံး​က အလိုလို​က်​ထားသည်​ ။ ဦးခန့်​​မောင်​သည်​ ​သော်​ကမှူးပိုင်​ငယ်​စဉ်​ကတည်းက ​သော်​ကမှူးပိုင်​​အတွက်​ငွေရှာကာ သားဖြစ်​သူ့အတွက်​ အချိန်​သိပ်​မ​ပေးနိုင်​​ပေ။ ​နောက်​ပိုင်းတွင်​ sakura entertainment ပို၍ ​အောင်​မြင်​လာကချိန်​တွင်​ သားဖြစ်​သူနှင့်​​နေချိန်​သည်​ ပို၍ရှားလာပါသည်​။ ထို​ကြောင့်​ ​​သော်​ကမှူးပိုင်​ သည်​ အ​ဒေါ်နှစ်​​ယောက်​၏ လက်​​ပေါ်၌ပင်​ ကြီးပြင်း​လာသည်​ ။ ​သော်​ကမှူးပိုင်အား သည်းသည်းလှုပ်​လှုပ်​ အလိုလို​က်​သည့်​အ​ဒေါ်နှစ်​​ယောက်​နှင့်​ အချိန်​​မ​ပေးနိုင်​​သော်​လည်း လို​လေစိတ်​မရှိ ​ထောက်​ပံ့​​ပေးသည်
ဖခင်​တို့​ကြောင့်​ ​သော်​ကမှူးပိုင်​ ဆိုးချင်​တိုင်း​ဆိုး​နေ​တော့သည်​။ USတွင်​ ​ကျောင်းတတ်​​နေစဉ်​ပင်​ US၌ရှိ​သောေ​မ​မေအက၊ို ​သော်​ကမှူးပိုင်​၏ ဦး​လေးရှိကာ
ဦး​လေး၏ အရာရာလိုက်​လုပ်​​ပေးမှု​ကြောင့်​ ​သော်​ကမှူးပိုင်​ ​ချော့​ချော့ ​မွေ့​မွေ့တတ်​နို​င်​ခဲ့ခြင်းဖြစ်​သည်

်​ ​အပြာနု​​ရောင်​ အိပ်​ယာခင်း​​ပေါ်တွင်​အဖြူ​ရောင်​ ကာတွန်းပုံများဖြင့်​ ပြည့်​​နေ​သော ညအိပ်​ဝတ်​စုံ ဝတ်​ထားသည့်​ ​သော်​ကမှူးပိုင်​ သည်​က​လေးတစ်​​ယောက်​ပမာ ၊​သော်​ကမှူးပိုင်​ မိသားစုအ​ပေါ်ဆိုး​သော်​လည်း က​လေးတစ်​​ယောက်​လို့ ဆိုးခြင်းဖြစ်​သည်

သွယ်​လျ သည်​မျက်​ခုံးတစ်​စုံနဲ့ ရွန်းလဲ့​တောက်​ပ​နေသည်​ deer eye ,အနည်းငယ်​  ကျဉ်းသ​ယောင်​​ယောက်​ ​ရှိ​သော နဖူးနှင့်​  ပန်းဆီ​ရောင်​ သန်း​နေတယ်​ ​သော နှုတ်​ခမ်းတစ်​စုံသည်​ က​လေးတစ်​​ယောက်​ပမာချစ်​ဖို့​ကောင်းလှသည်​။ အသား​ဖြူ​ဖွေးကာ
နေ​ရောင်​ထိလျှင်​ပင်​ ရဲ​နေတတ်​သည်​။ချောသည်​ဆိုသည်​က​တော့ ​သော်​ကမှူးပိုင်​ ဦးခန့်​​မောင်​ဆီက အ​မွေထားခြင်းပင်​ဖြစ်​သည်​​။ပြစ်​ချက်​အ​နေ​ဖြင့်​ သာမန်​​ယောကျာ်းများ 6​ပေနီးနီးရှိသည့်​ အချိန်​တွင်
်5​ပေ 5လက်​မသာရှိ​သော သူ၏အရပ်​ကိုပင်​ ​ပြောရမည်​ဖြစ်​သည်​။ ​သော်​ကမှူးပို​င်​သည်​ အသက်​၂၀ဟုပြောလျှင်​ မည်​သည့်​မှယုံမည်​မဟုတ်​ ။၁၅နှစ်​သားဟုပင်​ထင်​ကြမည်​။ က​လေး​နှင့်​တူသည့်​ဟုေ​ပြာလွန်း​သော​ကြောင့်​ ​သော်​ကမှူးပိုင်​ တစ်​​​ယောက်​ အ​ချေဆိုဒ်​ ဖမ်းကာ လူကြီးရုပ်​ ​နေတတ်​သည်​ ။

သော်​ကမှူးပို​င်​ အိပ်​ရာမဝင်​မှီ Tabletတစ်​လုံးနှင့်​ အလုပ်​ရှုပ်​​နေသည်​။ ​သော်​ကမှူးပိုင်​တစ်​​ယောက်​ gameကစား​နေခြင်းပင်​ ဖြစ်​သည်​။ ​သော်​ကမှူးပိုင်
မျက်​မှန်​တတ်​သည့်​​အ​ကြောင်းရင်းများတွင်​ ထို​အကြာင်းလည်းပါဝင်​သည်​ အဋ္ဌမတန်းအရွယ်​မှ စတင်​ကာ မျက်​မှန်​တတ်​ရသည့်​ ​သော်​ကမှူးပိုင်​ အခု ပါဝါအရမ်းများ​နေပြီ ။

'သားငယ်​​ရေ ထ​တော့​လေ ကွယ်​ သားdaddy
Companyသွားဖို့​စောင့်​​နေတယ်​´

ကြီး​မေ၏အသံ​ကြောင့်​ ​သော်​ကမှူးပိုင်​ အိပ်ယာမှ ကုန်းရုန်းထရသည်​ ။ ညက ဘယ်​နားထားမိမှန်​မသိ​တော့ ​ကျေးဇူးရှင်​ မျက်​မှန်​ကို လိုက်​၍ရှာရပါ​သေးသည်
သော်​ကမှူးပိုင်​ ပြင်​ဆင်​စရာရှိတာ ပြင်​ဆင်​ကာ
Daddy company သွားရန်​ပြင်​လိုက်​သည်​ ။ အပြင်​သွားမည်​ဆိုသည်​နှင့်​​ ​သော်​ကမှူးပိုင်​ အ​ချေရုပ်​ချက်​ချင်းဖြစ်​သွားသည်

SAKURA ENTERTAINMENT ဆို​သော ထည်​ဝါ လှသည့်​daddy company ကြီးသို့ ​သော်​ကမှူးပိုင်​ ဝင်​လို​က်​သည်









28.6.2018
Words 1390
                           ကျေးဇူးများဖြင့်

You've reached the end of published parts.

⏰ Last updated: Jun 29, 2018 ⏰

Add this story to your Library to get notified about new parts!

ကြိုး(string)Where stories live. Discover now