Part-3

132 11 2
                                    

သော်​ကမှူးပိုင်​ ဘုန်း​စေရန်​ဆီမှ အမြန်​ထွက်​လာခဲ့သည်​ သူငယ်​ချင်းမိုးယံ၊နှင်း​မေတို့နှင့်​ ချိန်းထားသည့်​မှာ အ​တော်​ပင်​​နောက်​ကျ​နေပြီဖြစ်သည်​ ဟို​ရောက်​လျှင်​ ​သော်​ကမှူးပိုင်​တစ်​​ယောက်​ မိုးယံတို့ ​ကော်​သည်​ကို ​ကောင်း​ကောင်းခံရအုံး မည်​ဖြစ်​သည်

'​ဟော.....ဟိုမှာလာပါပြီ မှူးပိုင်​'
နှင်း​မေ၏ စကားသံ​ကြောင့်​ မိုးယံနောက်​သို့ တစ်​​ချက်​လှည့်​ကြည့်​လိုက်​သည်

'ငါ့​ရောက်​ပြီကွ နည်းနည်းများကြာသွားလားမသိဘူး'
သော်​ကမှူးပိုင်​​ပြောမဲ့သာ​ပြောရသည်​ နှင်း​မေနှင့်​မိုးယံသည်​ ဝါးစား​တော့မည် အကြည့်​များဖြင့်​ကြည့်​ ​နေသည်

'နည်းနည်းမဟုတ်​ဘူး​​ဟေ ...​တော်​​တော်​ကိုကြာသွားတာ...မင်းကိုချိန်းထားတာ 8နာရီ ​ရောက်​လာ​တော့ 9နာရီခွဲ ဘယ်​​လောက်​​တောင်​ ကြာလဲကိုယ်​ဟာ ကိုယ်​သာ တွက်​ကြည့်​​ပေ​တော့ '
မိုးယံတစ်​​ယောက်​ ထ​ပြော​လေ​တော့သည်

'ဟဲဟဲ....အဲဒါက ဟို...ဟို.....​လေ'
သော်​ကမှူးပိုင်​ရှင်းပြဟန်​ပြင်​ နှင်း​မေက
'စလာပြီ ​မှူးပိုင်​တို့ရဲ့ ဟို​ရှေး​ရှေုးတုန်းက ပုံပြင်​​တွေ
နင်​က​လေ လွန်​ခဲ့တဲ့ 4နှစ်​ကအကျင့်​ အခုထိမ​ပျောက်​​သေးဘူး ​နောက်​ကျတိုင်း reason​ကောင်း​ကောင်း​ပေးပြီး ​ပေးတဲ့ reason တို​င်းမထပ်​တဲ့ ​​သော်​ကမှူးပိုင်​ရဲ့ super powerကို ငါ​လေးစားတယ်​ '

သော်​ကမှူးပိုင်​ ပြန်​​ပြောချင်​ပါ​သော်​လည်းကို​ယ်​ဘက်​ ကမှား​နေသဖြင့်​ ​ရေငုံနုတ်​ပိတ်​တာ ​နေရသည်

သော်​ကမှူးပိုင်​၊နှင်း​မေနှင့်​ မိုးယံတို့သည်​ မူကြိုကတည်းကမှ စ၍ ယခုထက်​ထိပင်​ ​ပေါင်းသင်းကြသည့်​ ငယ်​​ပေါင်းကြီး​ဖော်​ ​ပြောမနာဆိုမနာများဖြစ်​ကြသည်​။ ​နှင်း​မေသည်​ မိန်းက​လေးတစ်​​ယောက်​ဖြစ်​​သော်​လည်း ​​ယောက်ျား​လေးနှစ်​​ယောက်​နှင့်​ပင်​ ပခုံးဖက်​​ပေါင်းသည်​ ၊ ​မှူးပို​င်​နှင့်​ မိုးယံတို့ထက်​ပင်​ ပို၍သတ္တိရှိပါသည်​ ။ 

ကြိုး(string)Where stories live. Discover now