မိခင်ဖြစ်သူဒေါ်ခင်ရူပါသည် တစ်ချိန်က အလွန်ကျော်ကြားသော Missတစ်ယောက်ဖြစ်ခဲ့သည်။ ဒေါ်ခင်ပါအား ဝန်ကြီးတစ်ယောက်က အတင်းလက်ထပ်ရန်စီစဉ်ခဲ့သည်။ အာဏာရှင်စနစ်ဖြစ်ကာ ဒေါ်ခင်ရူပါ ငြင်းဆိုရန်အခွင့်အရေး မဲ့ခဲ့သည် ။အနုပညာရှင်အများအပြားသည် အာဏာရှင်များ၏ဖိနှိပ်မှုကြောင့် အနောက်နိုင်ငံသို့ ပြောင်းရွေ့အခြေချနေထိုင်ကြသည်။ ထိုထဲတွင် မေမေဒေါ်ခင်ရူပါနှင့် ဦးဘုန်းနိုင်လည်းပါဝင်ခဲ့သည်။
ဦးဘုန်းနိုင်သည် directorတစ်ယောက်ဖြစ်ကာ ဒေါ်ခင်ရူပါနှင့် ကြော်ငြာတစ်ခုရိုက်ရင်းတွေဆုံးပြီး ချစ်ကျွမ်းဝင်ခဲ့သည် ချစ်ရသူုကို သူများနောက်အပါမခံချင်၍ ဦးဘုန်းနိုင်သည် ဒေါ်ခင်ရူပါကိုခေါ်ကာ
Singapore တွင် သွားရောက်နေထိုင်ခဲ့သည်။ဘုန်းစေရန်ကို Singapore နိုင်ငံ၌ပင်မွေးဖွားကာ ဘုန်းစေရန်သည် Singapore နိုင်ငံသားတစ်ယောက်သည်။ သို့သော် အမိတိုင်းပြည်ကို ချစ်စိတ်ကြီးမားကာ အမိတိုင်းပြည်ကို ကမ္ဘာသိစေချင်၊အကျိုးပြုချင်သော Miss မေမေ၏ ပို့ချမှုကြောင့်
မြန်မာနိုင်ငံအကြောင်းကောင်းကောင်းသိသည်။
အသက်20အထိ မြန်မာနိုင်ငံကိုတစ်ခါမှ မရောက်ဘုးသော ဘုန်းစေရန်သည် သွေးကစကားပြောသည့်အလား မြန်မာနိုင်ငံသားများထက်ပို၍ပင် မြန်မာနိုင်ငံကို ချစ်ပါသည်ဘုန်းစေရန် ငယ်စဉ်ကတည်းက ဝါသနာပါခဲ့သည်ဂီတအလုပ်ကိုပင် မြန်မာနိုင်ငံ၌လုပ်ချင်ခဲ့သည်
ထိုေ့ကြာင်ပင် အသက် 20ပြည့် မွေးနေ့တွင် birthday presentအဖြစ် မြန်မာနိုင်ငံတွင် အဆိုတော်တစ်ယောက်ဖြစ်ခွင့်ကို တောင်းခဲ့သည်။မေမေသည် အသာတစ်ကြည်ခွင့်ပြုခဲ့သော်လည်း မြန်မာနိုင်ငံကို စိတ်နာသော ဖေဖေကမူ ခွင့်မပြုခဲ့ပေ။ဘုန်းစေရန်ကို သေခန်းရှင်ခန်းဖြတ်မည်ပင်လုပ်ခဲ့သည်။ သို့သော် ဘုန်းစေရန်ဂရုမစိုက်နိုင်။ ကိုယ့်ရည်မှန်းချက်အတွက် အားလုံးကိုစွန့်လွှတ်ကာ လာခဲ့သည်
YOU ARE READING
ကြိုး(string)
Romantizm💘💘နှလုံးသားကို နှင်းခြေပြီမှ လွယ်လွယ်နဲ့ထွက်သွား မလို့လား? ? ? ? ?💘💘