🐻Dika🐧တစ်နှစ်.
တစ်နှစ်ကြာခဲ့ပီ..🍃☔⛄
ကလေးငယ် ကျနော်ဘေးနားကထွက်သွားတာတစ်နှစ်တောင်ကြာခဲ့ပီ.. ဘေးနားမှာရှိနေတုန်းကတော့ အမုန်းတွေဘဲပေးခဲ့ပီး အနားမှာမရှိတော့မှ သေမတက်လွမ်းနေမိတယ်..
၈နှစ်တာကာလ ကလေးငယ်ကိုရှာခဲ့တယ် ဒါပေမဲ့ ကျနော့်တာဝန်ယူချင်စိတ်တခုဘဲရှိတယ်.
တစ်နှစိဆိုတဲ့အချိန်ကျမှ လိုက်ရှာနေရတဲ့ဘ၀ကိုနောင်တရတယ်..အနားမှာရှိတုန်းကတန်ဖိုးမထားခဲ့သမျှ အခုတော့ ကျနော်ပြန်ခံစားနေရတယ်.. လူတွေကပြောကျတယ် တစ်နှစ်ဆိုတာ ခနလေးကုန်တာနဲ့.. ကျနော့်အတွက်တော့ ဆယ်ကမ္ဘာစာလောက်ကြာတယ်ဗျာ.
ကလေးငယ် ဘယ်များရောက်နေလဲ?
ဘယ်လိုရှာရှာ သတင်းအစတောင်ရှာမရတဲ့ကလေးငယ်က အပုန်းကောင်းလွန်းတယ်.. သူ့သူငယ်ချင်းကိုတောင် အဆက်အသွယ်မလုပ်တော့ဘူး.. ကလေးငယ်ကအရမ်းပြတ်သားတာဘဲကွာ..အချိန်တွေကြာလာတာနဲ့အမျှ ကျနော်အတွက် ကလေးကမရှိမဖြစ်ဆိုတာသိလာတယ်..ကလေးငယ်အပေါ်ထားတဲ့ကျနော့်စိတ်တွေလဲ ပြောင်းလဲလာခဲ့ပီ.. ကလေးငယ်ကို ကျနော့်နှလုံးသားကတောင်းတနေတက်ပီ.. အဲ့တာကအချစ်ဆိုရင် ကျနော် ကလေးငယ်ကိုချစ်မိသွားလို့ဖြစ်မှာပါ.. ကလေးကတော့ ကျနော့်ကိုမုန်းနေမှာသေချာတယ်..
လှေကားကအဆင်း မီးဖိုခန်းနားအရောက်..
"အဘွား.. သည်းငယ်စမ်းချက်ထားတာ ဦးJonginအတွက်.. နည်းနည်းမြည်းကြည့်"
ကြားလိုက်ရတဲ့အသံလေးကြောင့် ခြေလှမ်းတွေကမီးဖိုခန်းထဲကိုအပြေးသွားမိသည်။
Arjimaကလွဲလို့မရှိတဲ့အခန်းလေးက ကျနော့်ကိုလှောင်နေတယ်..
"Arjima.. ကလေးငယ်ရော.. ခုနက ကျနော်အသံကြားလိုက်တယ်"
Jonginကိုကြည့်ကာ Arjimaကစိတ်မကောင်းတဲ့ပုံလေးနဲ့ပြန်ကြည့်ကာ..
ESTÁS LEYENDO
ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Unicode) ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Zawgyi)
FanficJongin:"Do Kyung Soo?ငါ့မိသားစုပြိုကွဲအောင်လုပ်တဲ့ ပိုင်းလုံးကောင် Do Kyung Sooကမင်းကိုး" Kyung Soo:"ခင်များက ဘာမို့လို့ သည်းငယ်ကိုအခုလိုလာစွပ်စွဲနေရတာလဲ?" Jongin:"Do Kyung Soo?ငါ့မိသားစုပြိုကွဲေအာင်လုပ်တ့ဲ ပိုင်းလုံးကောင် Do Kyu...