🍊16🍊

4.6K 438 22
                                    

🐻Dika🐧

"Hyunee"

အ​နောက်​က​နေလှမ်း​ခေါ်လိုက်​တဲ့အသံ​ကြောင့်​ Baekhyunလှည့်​ကြည့်​လိုက်​သည်​။

"Kyungnie.. ​အ​စောကြီးဘဲ ခါတိုင်းဆို ဒီ​အချိန်​ပြန်​မလာ​သေးပါဘူး"

"ဟုတ်​တယ်​.. ဒီ​နေ့တချိန်​လွတ်​သွားတယ်​.. စာသင်​​ပေးရတဲ့က​လေးကဖျား​နေလို့ပိတ်​လိုက်​ရတာ..အာ့​ကြောင့်​​စော​နေတာ"

"​အော်.. ဒါများကွာ ဖုန်းဆက်​မ​ပြောဘူး ငါ​စောင့်​​နေမှာ​ပေါ့"

"မင်းကိုလဲ အချိန်​ပိုင်းအလုပ်​ရှိ​သေးတယ်​ထင်​လို့"

"ဒီ​နေ့ကမရှိ​တော့ဘူး​လေ..မနက်​ဖြန်​မှ"

Baekhyunနဲ့Kyungsooတို့ ခြံထဲဝင်​လာ​တော့ အိမ်​ရှင်​လင်​များhyungတို့က ခြံထဲကကွပ်ပျစ်မှာ ​သူတို့ခြံထွက်​ အသီး​တွေကိုပါကင်​ပိတ်​​နေကျသည်​။

"ဟာ ဒီညီကိုနှစ်​​ယောက်​ ဒီ​နေ့ကျလဲအ​စောကြီးပါလား?"

"ဟုတ်​တယ်​Taemin hyung.. "

Baekက​ပြောရင်​ သူ့​ကျောပိုးအိတ်​​လေးကိုချကာ အ​ပေါ်ဝတ်​အင်္ကျီ​လေးကိုချွတ်​လိုက်​ပီး ကွပ်​ပျစ်​မှာဝင်​ထိုင်​လိုက်​ရင်း Taeminထည့်​ထားတဲ့​ဖော့ဘူး​လေးနဲ့စပျစ်​သီးကတ်​ကို ပလစ်​စတစ်​အ​ပျော့နဲ့ပါကင်​​ပိတ်​​ပေးလိုက်​သည်​။

Kyungnieက​တော့ Baekချထားတဲ့အိတ်​​ကောအင်္ကျီပါယူကာ အခန်းထဲဝင်​ခဲ့ပီးသိမ်းလိုက်​သည်​။သူလက်​ထဲကစာအုပ်​​တွေကို စားပွဲမှာ​သေချာပြန်​စီထားကာ ​ကျောပိုးအိတ်​​လေးကိုတိုင်​မှာချိတ်​ပီး အိမ်​​နေရင်းအ၀တ်​ပါး​လေးကိုလဲလိုက်​ပီး အပြင်​ပြန်​ထွက်​ခဲ့သည်​။

အပြင်​​ရောက်​​တော့ လွတ်​​နေတဲ့​နေရာဝင်​ထိုင်​ပီးကူ​ပေးလိုက်​သည်​။

"Kyungsooတို့ညီအကို သဘက်​ခါအားလား..hyungတို့နဲ့လိုက်​ခဲ့ပါလား?"

"ဘယ်​လဲ Minho hyung"

"Hyungတို့နယ်​ရဲ့အင်းပွဲ​တော်​​လေ.. သစ်​သီးဝလံပွဲ​တော်​လို့လဲ​ခေါ်တယ်​..တစ်​နှစ်​မှတစ်​ခါဘဲလုပ်​တဲ့ပွဲ.. ရိုးရာပွဲ​တော်​တခု​ပေါ့..အဲ့တာ နယ်​အင်းဘက်​မှာလုပ်​မှာ အနီးအနားကရွာ​တွေလဲလာကျတယ်.. အဲ့ဘက်​က​ဒေသခံ​တွေက လာတဲ့သူမှန်​သမျှကို မုန့်​​တွေနဲ့ဧည့်​ခံကျတယ်​..hyungတို့ကကျ အသီး​တွေသွား​ရောင်းမှာ.ပွဲ​တော်​တခုဆို​တော့ လူ​တွေအများကြီးလာမှာ ​ပျော်​ဖို့လဲ​ကောင်းတယ်​. မျက်​လှည့်​ပွဲတို့ showပွဲ​တေလဲပါတယ်​.. လိုက်​ခဲ့ကျပါလား?"

ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Unicode) ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Zawgyi)Dove le storie prendono vita. Scoprilo ora