"ချစ်ခြင်းမေတ္တာ"ဆိုတာ မင်းနဲ့တွေ့မှ
သိမြင်လာခဲ့တာ
ငယ်စဉ် မနူးမနပ်အရွယ်က Crushကိုအရူးအမူးဖြစ်တာနဲ့
မင်းကိုချစ်တာနဲ့အကွာကြီး..
Crushအတန်းရှေ့ကဖြတ်သွားတဲ့ပျော်ရွှင်မှုနဲ့
မင်းအပြုံးလေးကိုPhone Screenပေါ်ကမြင်လိုက်တာနဲ့ ကွေးညွတ်သွားတဲ့ ကိုယ့်နှုတ်ခမ်းပါးတွေ..
ဒါဟာ "အချစ်"လို့ခေါင်းစဉ်တပ်ဖို့ကျ
၁၃နှစ်အရွယ်မိန်းကလေးတစ်ယောက်ရဲ့
ဦးနှောက်ကဥာဏ်မမီခဲ့ဘူး
ကိုယ်မင်းကိုစသိခဲ့တုန်းက
မင်းက ၂၃နှစ်အရွယ် ကောင်လေးပေါ့
ကိုယ်မင်းကို "Oppa"လို့ခေါ်ခဲ့တာ
ဒါပေမယ့်လေ မင်းက Oppaလို့မခေါ်ရက်လောက်အောင်နုနယ်လွန်းနေတာ
မိန်းကလေးဖြစ်တဲ့ကိုယ့်ထက် မင်းကအဆပေါင်းများစွာ ပိုပြီးချောနေတာ
မင်းက ကိုယ်မြတ်မြတ်နိုးနိုးနဲ့ သိမ်းထားချင်ခဲ့တဲ့ ပထမဆုံးသက်ရှိအရုပ်လေးပဲ
သိမ်းထားခွင့်မရှိပေမယ့်လည်းပေါ့ 💔
I love you ❤July 1,2018