ဒီနေ့ မင်းနဲ့ပတ်သက်တဲ့rumorတွေအမျိုးမျိုးကြားရတယ်
အချို့က မင်းဟာသူမနဲ့ပတ်သက်ပြီးplanတွေအများကြီးချထားတာပါတဲ့
မင်းတို့နှစ်ယောက်ရဲ့အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုပေါ့
တချို့ကကျ မင်းတို့ပြတ်သွားတာကြာပြီတဲ့
သတင်းနှစ်ခုလုံးကို ကိုယ်မကြိုက်ပါဘူး
အကြောင်းရင်းက ဘယ်အရာကအမှန်လဲဆိုတာကိုယ်မသိနိုင်လို့ပဲ
အချို့ biasစိတ်ကိုဖတ်နိုင်တဲ့သူတွေတွေ့ရင်
ကိုယ်သိပ်အားကျတာပဲ
မင်းစိတ်ကိုတစ်ခါမှမဖတ်နိုင်ခဲ့တာတွေးမိရင်
ကိုယ်မျက်ရည်ဝဲမိပါတယ်
မင်းကြောင်လေးZhuသေသွားတဲ့အကြောင်း
သေပြီး၁နှစ်ကြာမှကိုယ်တို့သိခွင့်ရခဲ့တာကို
ပြန်သတိရတယ်
မင်းဟာဘယ်တုန်းကမှ စိတ်ကိုမဖွင့်ပြခဲ့ဘူး
ကိုယ်တို့နဲ့မင်းကြားမှာစည်းတစ်ခုအမြဲခြားနေခဲ့မှန်း
ကိုယ်မေ့လျော့နေခဲ့တယ်!ဟင့်အင်း တမင်သက်သက်မေ့ခဲ့တာဆိုပိုမှန်မလားပဲ..
နာကျင်ရပေမယ့်ဘယ်တော့မှမပြောင်းလဲမဲ့အမှန်တရားက အဲ့ဒီစည်းဟာမင်းကိုယ်တိုင်သတ်မှတ်ခဲ့တဲ့ ကိုယ်တို့နဲ့မင်းရဲ့ကြားကစည်းပဲ
ဘာကြောင့်လဲဆိုတာမသိပေမယ့် အနည်းဆုံးတော့ မင်းပတ်ဝန်းကျင်ကလူတွေကို မင်းစိတ်ကိုဖွင့်ပြစေချင်တယ်..
ရင်ဖွင့်စရာလူတော့ရှိသင့်တယ်မလား?
တစ်ယောက်ထဲစိတ်ပင်ပန်းနေတာမျိုးမဖြစ်ပါနဲ့
နေမကောင်းမဖြစ်ပါနဲ့
ကျန်းမာရေးဂရုစိုက်..world cupပြီးပြီဆိုတော့ အိပ်ရေးပြန်ဝအောင်လုပ်..အင်း..Good night🌠
July 17,2018