Third prince Cai Xukun
________________••••••_______________Prologue:
Cai Xukun...
"ထီးနန်းဆိုတာ သွေးစွန်းဖို့အတွက်ဆို ကိုယ်တော်အလိုမရှိဘူး... Wang စစ်သူကြီး..."Wang Ziyi...
"ပြည်သူတွေအတွက် လိုအပ်တာ မင်းကောင်းမင်းမြတ်တစ်ပါးပါ... အဲ့ဒီအတွက် ထီးနန်းရဲ့သရဖူကို အရှင့်သားလိုအပ်တယ်... ကျွန်တော်မျိုး ဆောင်ကျဉ်းပေးပါရစေ..."________________••••••_______________
အေးစိမ့်စိမ့်ဆောင်းရာသီ...
နှင်းမှုန်ဖွေးဖွေးတို့က သူနေတဲ့ လူသူခြောက်ကပ်တဲ့ နန်းဆောင်ရဲ့ ရှေ့မှာ... ဘေးမှာ... ပြီးတော့ နေရာအနှံ့အပြားမှာ ပျံ့ကျဲပြီး ဖွေးဆွတ်တဲ့ အသွင်သဏ္ဍာန်နဲ့ သူ့နန်းဆောင်တစ်ခွင်ကို အလှဆင်နေတယ်...
ဒီနေရာမှာ လောကတခွင်လို့ သူမသုံးဘူး...
သူသိတာက လူအဝင်အထွက်နည်းပါးတဲ့ သူ့ရဲ့နန်းဆောင်သာဖြစ်တာမို့...တကယ်က သူသိတဲ့အကြောင်းအရာဆိုတာ တကယ့်ကိုနည်းနည်းလေးမှ နည်းနည်းလေးပဲ...ပြောရရင် လူမှန်းသိစ ခပ်ငယ်ငယ်အချိန်ကတည်းက မိခင်ဆိုတာကို သူမမြင်ဖူးခဲ့ဘူး... တစ်ခါတစ်လေသူ့ဆရာ Wang Fei Hong နန်းတွင်းညီလာခံတက်ချိန်တွေ ဒီနန်းဆောင်မှာမရှိတဲ့ရက်တွေဆို လူခြေတိတ်ချိန်တွေမှာ နန်းတော်ဝန်းထဲကို သူ ခိုးထွက်သွားရင် သူ့ထက်ငယ်တဲ့ တောက်ပြောင်သားနားတဲ့အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ မင်းသားငယ်လေးတွေဟာ သူတို့ရဲ့ မိခင်တွေကို မယ်မယ်လို့ ခေါ်တာကို သူကြားဖူးတယ်...
ဒီမယ်မယ်ဆိုတဲ့ အခေါ်အဝေါ်ကိုသူ သုံးခွင့်မရှိတာ သူ့ကိုစိတ်အရမ်းမထိခိုက်စေဘူး... တကယ်စိတ်ထိခိုက်စေတာက ဒီနန်းဆောင်ရဲ့ ပြင်ပကိုလဲသူခိုးထွက်ချင်ပေမယ့် သူ့ကျန်းမာရေးက သူ့ကို ဒီထက်ပိုပြီးခပ်ဝေးဝေးကိုသွားဖို့ ခွင့်မပြုခြင်းပဲဖြစ်တယ်... ပြောရရင် ဆရာ Wang မရှိလဲအမြဲတမ်း အချိန်အနည်းငယ်လောက်နဲ့ သူ့အဆောင်ကို အမြန်ပြန်လာခဲ့ရတာကများတာပါပဲ...
သူ့ ဆရာ Wang Fei Hong ကအမြဲပြောတယ်... သူသန်မာဖို့လိုတယ်တဲ့... ဒါကြောင့် ကိုယ်ခံပညာမှာ ထူးချွန်ရမယ်လို့ပြောတယ်...
YOU ARE READING
ETERNITY
FanfictionCai ဘုရင်မင်းဆက်ရဲ့ တတိယသားတော် Cai Xukun... ပြင်ပလောကဆိုတာစာပေကျမ်းဂန်မှာပဲသူကြားဖူးတဲ့အရာ... သူနဲ့ သူ့ဆက်ခံရမယ့်ထီးနန်းအတွက် လက်ဆက်ရမယ့်သူဟာ ယောကျာ်းတစ်ယောက်ဖြစ်ပြီး... ထိုသူဟာ သူ့အရည်အချင်းတွေနဲ့အလှမ်းဝေးလွန်းတဲ့ အဘက်ဘက်ထူးချွန်တဲ့ Wang Ziyi စစ်သ...