02. How can I protect you:My Lord?
________________••••••_______________သူ မသိတဲ့ပြင်ပလောကဟာ လှပလွန်းတယ်...
ကြက်ပျံမကျစည်ကားနေတဲ့ မြို့တော်ရဲ့ဈေး... လမ်းဘေးမှာ အခကြေးငွေယူပြီးစွမ်းရည်ပြသနေတဲ့ နယ်လှည့်ပညာရှင်တွေ...
အရောင်စုံလှတဲ့မီးပုံပျံတွေ...
ဒါဟာ ၁၅နှစ်လုံးလုံး သူတစ်ခါမှ မမြင်ဖူးခဲ့တာမို့ အထူးအဆန်းဖြစ်ရုံမက စိတ်ဝင်စားစရာကောင်းလွန်းလှတယ်...
ခုံးစစ သုံးရက်လဟာ စကြာတခွင်ကိုအလင်းလုံလောက်စွာမပေးနိုင်တာတောင်မှ မြို့တော်ဟာ အိမ်တိုင်းဆိုင်တိုင်းရှေ့မှာ ထွန်းညှိထားတဲ့ ရောင်စုံမီးပုံးတွေကြောင့် ထိန်လင်းကာ လှပနေတယ်...ဖြူစင်လွန်းမနေသင့်ဘူးဆိုပြီး ပိုင်စိုးပိုင်နင်းနဲ့ တွေ့ခါစကပြောခဲ့တဲ့ Wang စစ်သူကြီးဆိုသူရဲ့စကားဟာ ထိုအချိန်တုန်းကတော့မနှစ်မြို့ဖွယ်ရာပေမယ့် ဗဟုသုတအတွက်ဆိုပြီး မြို့တော်ထဲကို ခမည်းတော်တို့မသိအောင်ခေါ်ဆောင်လာခဲ့ချိန်မှာတော့ သူအင်မတန်ပျော်ရွှင်သွားခဲ့တာအမှန်...
အပြစ်လုပ်မိရင် အရှင့်ကို အပြစ်ပေးမယ်ဆိုတဲ့ နောက်ဆုံးကြားလိုက်ရတဲ့ထူးဆန်းတဲ့ စကားကိုတော့ အခုအချိန်မှာ သူမေ့လျော့နေလေတယ်...
စိတ်ဝင်တစားနဲ့ သူလိုက်ကာကြည့်မိနေတာ ဘယ်လောက်တောင်လဲဆို သူ့ဘေးက မျက်နှာဖုံးလောက်အောင် ဦးထုပ်ပြားပြားရှည်ရှည်ကြီးကို ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ စစ်သူကြီးတဖြစ်လဲ သူ့ကြင်ယာတော်ဆိုသူကိုပါ သူမေ့သွားလောက်တဲ့အထိပါပဲ...
အရာရာကိုစူးစမ်းစိတ်နဲ့လိုက်ကာငေးမိနေတဲ့ သူ့မျက်လုံးတွေဟာ ပျော်ရွှင်မှုကြောင့်ရော စိတ်လှုပ်ရှားမှုကြောင့်ပါ အရောင်တွေဖြာလဲ့ပြီး လှပလွန်းနေတာကို သူ့ကိုယ်သူသတိမထားမိဘူး...
လမ်းဘေးဝဲယာ ရှိသမျှအရာရာကိုသူလိုက်စူးစမ်းနေရင်းက အနီရောင်အပြည့်နဲ့အလှဆင်ထားတဲ့ လှပလွန်းတဲ့ အိမ်ဆောင်တစ်ဆောင်ရှေ့ကိုသူရောက်သွားတော့...
"သခင်လေး... သခင်လေး... ဆိုင်ထဲကိုကြွပါ..."
"သခင်လေး... ဆိုင်ထဲမှာပျော်စရာတွေရှိပါတယ်..."
YOU ARE READING
ETERNITY
FanficCai ဘုရင်မင်းဆက်ရဲ့ တတိယသားတော် Cai Xukun... ပြင်ပလောကဆိုတာစာပေကျမ်းဂန်မှာပဲသူကြားဖူးတဲ့အရာ... သူနဲ့ သူ့ဆက်ခံရမယ့်ထီးနန်းအတွက် လက်ဆက်ရမယ့်သူဟာ ယောကျာ်းတစ်ယောက်ဖြစ်ပြီး... ထိုသူဟာ သူ့အရည်အချင်းတွေနဲ့အလှမ်းဝေးလွန်းတဲ့ အဘက်ဘက်ထူးချွန်တဲ့ Wang Ziyi စစ်သ...