01. My Lord is Innocent

1.2K 180 19
                                    

01. My Lord is Innocent
________________••••••_______________

သူ့နန်းဆောင်မှာ အခုတလောနှင်းတွေက ပိုပိုဖွေးလာတယ်... အအေးဒဏ်က သည်းခံနေရတဲ့ကြားက ပိုပိုပြင်းထန်လာတာမို့ နွေးသွားလေမလားဆိုတဲ့အတွေးနဲ့ ခပ်သွက်သွက်လေးပဲ သူ လက်နှစ်ဖက်ကို ပူးကာပွတ်နေလိုက်တယ်...
ခဏနေလို့ ပန်းချီထဲ ဈာန်ဝင်သွားရင်တော့ သူဒီအချမ်း ဒဏ်ကိုမေ့သွားမှာပါ...
စိတ်ထဲကနေ ကိုယ့်ဘာသာပဲဖြေသိမ့်လိုက်ရင်း ပန်းချီအတွက်လိုအပ်တဲ့ မင်ဘူးနဲ့ စုတ်တံကျည်တောက်ကို စားပွဲခုံပေါ်မှာ သူဖြန့်ခင်းလိုက်တယ်...

ရာသီဥတုကအေးပေမယ့် ဒီထာဝရရေကန်ဘေးမှာ သူပုံကားချပ်တွေ ရေးရတာ သဘောကျတာမို့ အအေးဒဏ်ကို အံတုရင်း ပန်းချီစရေးဖို့ပြင်လိုက်တယ်...

ကန်ရေပြင်ဟာ ငါးပွက်သံလေးတောင်မှမကြားရလောက်အောင် အေးချမ်းပြီး တိတ်ဆိတ်နေလျက်ပါပဲ...

ပုံကားချပ်တွေထဲ အာရုံစိုက်မိသွားတာ အချိန်တွေဘယ်လောက်တောင်ကုန်သွားလဲသူ သတိမထားမိလိုက်... သူ့ရှေ့မှာ လာရပ်တဲ့ အရိပ်မဲတစ်ခုကြောင့် သူ့ကိုယ်ဟာ တုန်ကနဲဖြစ်သွားရတယ်... သူ့ရှေ့က အရိပ်ဟာ နက်စွေးနေတဲ့ဝတ်ရုံကိုဝတ်လို့ထားတာကို ခေါင်းကိုဖြေးဖြေးချင်းမော့ကြည့်လိုက်ချိန်မှာသူတွေ့လိုက်ရတယ်...

"မကောင်း.. မကောင်းဆိုးဝါး..."

Xukun ဟာ သူ့ရှေ့က အနက်ရောင်စွေးစွေးဝတ်ရုံပြည့်နဲ့သူရဲ့မျက်နှာကို ဝိုင်းစက်နေတဲ့ မျက်ဝန်းတွေနဲ့မော့ကြည့်မိလိုက်တယ်...

သူ့မျက်ဝန်းတွေဟာ စောစောတုန်းကထိတ်လန့်သွားတဲ့စိတ်ကြောင့် အရည်တွေလဲ့ကာ ဝေ့သီနေတယ်... အနက်ရောင်ဆိုတာ မကောင်းမှုရဲ့အရောင်ဖြစ်တာမို့ ဒီလူဟာ မကောင်းဆိုးဝါးပဲဖြစ်ရမယ်ဆိုတဲ့အတွေးနဲ့ လန့်ကာအော်လိုက်ပေမယ့် သေချာကြည့်တော့မှ မကောင်းဆိုးဝါးဖြစ်ဖို့ရာ ဒီလူက ချောလွန်းလို့နေတယ်...

ဗန်ဒါစေ့သဏ္ဍာန်စူးရှရှမျက်ဝန်းတွေနဲ့ အဲ့ဒီမျက်ဝန်းတွေအထက်က ထူထဲပြီး တန်းနေတဲ့ မျက်ခုံးနက်နက်တစ်စုံဟာ သူ့ရဲ့မကောင်းဆိုးဝါးလို့ခေါ်မိတဲ့ အခေါ်အဝေါ်ကြောင့်လားတော့မသိ... စိတ်အလိုမကျဟန်နဲ့ တွန့်ချိုးလို့နေတယ်...

ETERNITYWhere stories live. Discover now