အဖြူ​ရောင်​သံ​ယောဇဉ်​ Part (3)

1.3K 55 2
                                    

"​ဖေ​ဖေ​ရေ သား​ကျောင်းသွား​တော့မယ်​" ​ကောင်းကင်​ယံပါးစပ်​ကလည်း​ပြော လက်​ကလည်း ​ကျောပိုးအိတ်​​လေး​ကောက်​ကိုင်​ကာ အိမ်​​ရှေ့ကိုထွက်​ဖို့ပြင်​​နေတုန်း...

"​နေအုံးသား​ရေ ..မနက်​ဖြန်​ကျရင်​ ​ဖေ​ဖေ မြတို့ကို အိမ်​မှာထမင်းစားဖိတ်​လိုက်​မယ်​​နော်​သား" 

"ဟုတ်​ ဖိတ်​လိုက်​ပါ ​ဖေ​ဖေရဲ့... သားလည်းရင်းနှီးဖို့ကြိုးစားရမှာ​ပေါ့ ​မေ​မေသစ်​ကို" ကျွန်​​တော်​ ရွှတ်​​နောက်​​နောက်​​ပြော​တော့ ​ဖေ​ဖေက သ​ဘောကျ​နေပုံပင်​....

"သွား​တော့သား ​ကျောင်း​နောက်​ကျ​နေအုံးမယ်​ ဆိုင်​ကယ်​လည်းဂရုစိုက်​​မောင်းအုံး "

"ဟုတ်​ကဲ့ပါ​ဖေ​ဖေရ စိတ်​ပူမ​နေနဲ့ သွားဗီဗျ "ဟု​ပြောကာဆိုင်​ကယ်​ စက်​နိုးကာ ​ကျောင်း​တော်​ကြီးဆီသို့....

ဦးမျိုးဆက်​လည်း သားသွားမှအိမ်​ထဲအမြန်​ဝင်​ကာ ဖုန်းနံပါတ်​​လေးတစ်​ခုကိုနှိပ်​ကာ......

☎☎☎☎
တီ....တီ...တီ...
"ဟဲလို ကျမ မြသွင်​​ပြော​​ပြော​နေပါတယ်​ရှင်​"

"ဟဲလို မြလား မြ​ရေ...ကိုယ့်​ဘက်​က​တော့ Ok ပီကွ"

"ဟင်​ဟုတ်​လားကို ဝမ်းသာလိုက်​တာကိုရယ်​..ဒါ​ပေမဲ့​​လေ.." ဆက်​မ​ပြောထွက်​​တော့ ဘာလို့ဆိုသူ့ဘက်​ကသားကိုအစ​တောင်​မ​ဖော်​ရ​သေးလို့ပင်​..

"မြဘက်​က အဆင်​မ​ပြေလို့လားဟင်​ မြသား​လေးကလက်​မခံလို့လားဟင်​မြ ..."

"အဲ့လိုလည်းမဟုတ်​ပါဘူး ကိုရဲ့ မြမ​ပြောဖြစ်​​သေးလို့ပါ ​ကျောင်းသွားမဲ့က​လေးကိုစိတ်​အ​နှောု့်​အယှကိ​ပေးချင်​လို့ပါကိုရယ်​..နားလည်​​ပေး​နော်​"...တစ်​ဖက်​ကချစ်​ရသူရဲ့ ​တောင်းပန်သလို​မျိုး​ပြောလာ​တော့လည်းမ​နေနိုင်​ပြန်​...

"မြရယ်​ ဘာမှမဖြစ်​ပါဘူး အချိန်​​တွေရှိပါ​သေးတယ်​ ဟုတ်​တယ်​မလား.."

"အင်းပါ ဒါ​ပေမဲ့​လေကို မြ​​ပြောမထွက်​ဘူးသား​လေးကို ငယ်​ငယ်​ကတည်းက အ​မေစကားတစ်​ခွန်းဆိုတစ်​ခွန်းပဲ့ အမြဲနာခံခဲ့တဲ့သားဖြစ်​​ပေမဲ့ အခုကိစ္စကြီးကိုကျ ဘယ်​လို​ပြောရမလဲမသိ​တော့ဘူးကို​ရေ.."

အဖြူ​ရောင်​သံ​ယောဇဉ်​ Where stories live. Discover now