အဖြူ​ရောင်​သံ​ယောဇဉ်​ Part (18)

547 29 7
                                    

အခန်းထဲ​ရောက်​လို့နာရီကိုကြည့်​မိ​တော့
1:30 ရှိ​နေပီ..

ဒီအချိန်​မှပြန်​ပီးအိပ်​ရင်​လည်း
မနက်​ထနိုင်​​တော့မှာမဟုတ်​​ပေ..

ခဏ​လောက်​​တော့မှိန်းမယ်​ဆိုပီး
ကုတင်​​ပေါ်​ခြေပစ်​လက်​ပစ်​ကြီးခုန်​တက်​ကာ
လှဲ​လျောင်းလိုက်​စဉ်​..

" ​​င​ကျော်​ ငါမင်းကို​မေးစရာရှိတယ်​ "

ကောင်းကင်​ယံဆီက​နေ
လေးနက်​တဲ့​လေသံနဲ့အတူထွက်​လာတာမို့ 
သေချာသည်​ တစ်​ခုခု​တော့တစ်​ခုခုပဲ့..

" အင်း​မေး​လေ ဘာ​မေးမလို့ "

ကျော်​မိုး​အောင်​​စောင်​ကိုဆွဲခြုံကာ
ပေါ့​ပေါ့ပါးပါး​လေးပြန်​​ဖြေလိုက်​​ပေမဲ့
စိတ်​ထဲ​တော့မ​ပေါ့ပါး​ပေ..

" ​ယောက်ျား​လေးတစ်​​ယောက်​က
တစ်​ခြား​ယောက်ျား​လေးတစ်​​ယောက်​ကို
ချစ်​မိတာနဲ့ အ​ခြောက်​ဖြစ်​သွား​ရောလား "

ဟိုက်​..​သေ​ရော..
ကိုယ့်​ကိုများ​စောင်းကာ
ပြောလိုက်​​လေသလား​အောက်​​မေ့ရတယ်​..

.ဒါနဲ့​နေစမ်းပါအုံး ​..
ကောင်း​လေးကအဲ့လိုအ​တွေးမျိုး​တွေ
ဘာ​ကြောင့်​ဝင်​​နေရတာလဲ..

လှဲ​လျောင်း​နေရာက​နေ
ဆတ်​ကနဲထထိုင်​လိုက်​ပီး
စောင်​ကိုခွာချကာ
ကုတင်​​​စောင်းတွင်​​ခြေ​ထောက်​ဆင်းကာ
ထိုင်​လိုက်​ပြီး ​ကောင်းကင်​ယံကို
လက်​ယပ်​ကာ​ခေါ်လိုက်​သည်​...

" လာ..ဒီမှာလာထိုင်​ "
သူ့နံ​ဘေး​နေရာလွှတ်​​လေးကိုပုတ်​ပြကာ 
ခေါ်​နေ​သော​ကျော်​မိုး​အောင်​...

ကောင်းကင်​ယံလည်း
ဘာမှအထွတ်​တက်​မ​နေပဲသူ​ပြောတဲ့အတိုင်း
သူ့နံ​ဘေးတွင်​ဝင်​ထိုင်​လိုက်​သည်​...

" ဘာဖြစ်​လို့အရမ်း​တွေး​နေရတာလည်း
ကောင်း​လေးရဲ့  .. ​ဟင်​..."

အဖြူ​ရောင်​သံ​ယောဇဉ်​ Where stories live. Discover now