"ဘာပြူးပီးကြည့်နေတာလဲဗျ...ထူလေ တစ်ကယ်ပဲ့ဘယ်လိုအူကြောင်ကြားနဲ့လာတိုးနေပါလိမ့်" သွင်ခန့်ညား ခြေထောက်ကနာရတဲ့အထဲ လာပြူးကြည့်နေတဲ့သူကြောင့်စိတ်ညစ်လာကာဘုတောလိုက်ခြင်းပင်..
"ဟမ် အခုကငါ့ကိုပြောနေတာလား " ကောင်းကင်ယံ အံသြစွာဖြင့် လက်ညိုးလေးကို သူ့ရင်ဘတ်သူထိုးရင်း ပြန်မေးမိလေသည် ဟုတ်တယ်လေ ကိုယ်ကလည်းကူညီသေးတယ် ကျေးဇူးတင်မခံရတဲ့အပြင် လူကအူကြောင်ကြားဘွဲ့ပါထပ်ရလိုက်သေးသည်..
"ဟုတ်တယ် အစ်ကို့ကိုပြောတာ ထူစရာရှိမထူပဲ လာငမ်းနေပီးတော့ ကျောင်းတက်တော့မယ်ဗျ"...သွင်ခန့်ညားပြောလည်းပြောထရပ်ကာ စက်ဘီးလေးကို ထိုလူလက်ထဲမှဆတ်ကနဲဆွဲလုကာ ခြေထောက်ကနာသဖြင့် ထော့နဲ့ထောနဲ့နှင့် ကျောင်းမုခ်ပေါက်ဝထဲဝင်သွားလေသည်....
"ဘယ်လိုဟာလေးလည်းဟ ပိုးတုံးလုံးလေးကျနေတာပဲ့...နေစမ်းပါအုံး ဒီကောင်လေး အလွန်ဆုံးရှိမှ ရှစ်တန်းလောက်နဲ့ ငါ့ကိုများပြောသွားလိုက်တာ နောက်တစ်ခါတွေ့ရင်မှတ်လောက်အောင်ကို ပညာပေးရမယ်..." ကောင်းကင်ယံပြောလည်းပြော သူ့ဆိုင်ကယ်ကိုအပ်ဖို့နေရာရှာလေသည်....
အအေးဆိုင်တစ်ဆိုငိရှေ့အရောက်....
"ဟိတ် ငကောင်း မင်းအခုမှလာရသလား""အေး ငကျော်ရေ ကိစ္စလေးတစ်ခုရှိနေလို့နည်းနည်းကြာသွားတာ"
"အေး ကြာတာအရေးမကြီးဘူး ဒီနေ့မင်းတို့အလှည့်. ဆရာမကြီးဆူခံထိတော့မယ်" ငကျော်ပြောတာကိုနားမလည်သဖြင့်
"ဘာငါတို့အလှည့်လည်းကွ မင်းကလည်း ဘာတွေလာပြောနေမှန်းမသိဘူး ဒီမှာ ဆိုင်ကယ်ရပ်ဖို့နေရာရှာမတွေ့လို့စိတ်ညစ်နေတာနော် လာမစားနဲ့.." ကောင်းကင်ယံ ဒေါသထွက်ထွက်နဲ့ပိတ်ဟောက်လိုက်လေသည် ဟုတ်တယ် နေကလည်းပူ ဒီကြားထဲ ဆိုင်ကယ်ကမောင်းလို့မရ ကျောင်းဝန်းထဲမှာမို့ တွန်းလာရတာ လူကသေခြင်စော်နံနေပီ ဒါကိုများ ဘာတွေလာပြောနေမှန်းမသိ..
YOU ARE READING
အဖြူရောင်သံယောဇဉ်
Romanceအိမ်ထောင်ရေး\ အချစ် \ရသမျိုးစုံခံစားစေရမယ့် Fiction လေးပါ ဝေဖန်ပေးကြပါလို့...