ကြည်ကြည်လင်လင်ရှိနေရင်းမှ ချက်ချင်းမဲမှောင်သွား
သော ကောင်းကင်ပြင်ကြည့်ပြီး Jongdae တကယ်
စိတ်ညစ်သွားသည် ။အချိန်အခါမဟုတ်တာရော ထီးဆောင်ထားလေ့မရှိသော
အကျင့်ကြောင့်ရော သည်းကြီးမည်းကြီးရွာနေသည့်
မိုးရေထဲ ဒီအတိုင်းပြေးရန်သာ ရှိတော့၏ ။" Jongdae "
" မင်းမပြန်သေးဘူးလား "
" ငါ Sunhee နဲ့ဖြတ်လိုက်ပြီ "
အမေးတခြား အဖြေတခြားဖြစ်သွားနေသော်လည်း
အဓိက Chanyeol မပြန်သေးခြင်း၏ အကြောင်း
ရင်းမြစ်သည် သူ့ရည်းစားနှင့်ပြတ်သွား၍ ဟု
အဓိပ္ပါယ် ကောက်နိုင်သည် ။" အဲ့တော့ အသည်းကွဲနေတယ်ပေါ့ "
" ဖြတ်လိုက်ပါပြီဆိုမှ ငါကအသည်းကွဲမလား "
" ဒါပေမဲ့ မင်းကြိုက်တယ်မဟုတ်လား "
ဟိုတလောက Jongdae တားတာတောင်
သူကြိုက်တယ် ဝင်မပါနဲ့ဆိုလို့ လွှတ်ထားပေးပြီးမှ
အခုတော့ ရုပ်တည်ကြီးနဲ့ သူကအရင်ဖြတ်လိုက်
တာတဲ့ ..အကာအကွယ်ရနေသည့်ကျောင်းဆောင်အောက်
တွင် Jongdae ဘေး၌ Chanyeol လာရပ်ပြီး
မစဲနိုင်သေးသော မိုးကို စိတ်ပျက်လက်ပျက်မော့ကြည့်
ကာ ခပ်တိုးတိုးညည်းသည် ။" စိတ်ပျက်လိုက်တာ .. "
" ဒီတိုင်း မိုးစိုခံမှရမယ်ထင်တယ် "
Jongdae အပြောကို Chanyeol ကလည်း
ထောက်ခံကာ နှစ်ယောက်သား မိုးရေထဲထွက်လိုက်
ူသည် ။" မြန်မြန်သွားရအောင် "
ပြောပြောဆိုဆို Jongdae လက်ကိုဆွဲပြီး
Chanyeol စပြေးသောအခါ
မိုးကလည်း ပိုသည်းလာသည် ။တစ်ကိုယ်လုံး စိုရွှဲသွားသော မိုးရေတွေကြောင့်
Jongdae ပြေးနေရာမှ ရပ်လိုက်ချင်သော်လည်း
Chanyeol လက်ဖဝါးကြားထဲ အသားတကျဖြစ်
နေသည့် Jongdae မှာ လက်တစ်ဖက်ကို
ရုန်းထွက်ဖို့ အခက်တွေ့နေသည့် ။
YOU ARE READING
Bromance [ COMPLETE ]
FanfictionJust Bromance Just Friend Park Chanyeol × Kim Jongdae