နေ့လည်က Chanyeol နှင့်စကားများပြီးနောက်
ကျန်သေးတဲ့ အတန်းချိန်အကုန်လုံးကို ဆက်မတက်
ဖြစ်တဲ့ အဆောင်ကိုသာ ပြန်ပြီး အဝတ်အစားတောင်
မလဲတော့ဘဲ ထိုးအိပ်ပစ်လိုက်သည်မှာ ညစာစားဖို့
အဆောင်မှူးကိုယ်တိုင် လာနှိုးရသည့်အဖြစ် ။" Chanyeol ဘယ်ရောက်နေလဲ "
" မသိဘူး "
" မင်းနဲ့ တစ်ခန်းတဲ့နေတာတောင်မသိဘူး "
" ဟုတ်တယ် မသိဘူး "
သင့်တော်မည့်ဆင်ခြေနှင့် အဆောင်မှူးအားလှိမ့်ရန်
မစဉ်းစားဘဲ မသိဘူး ဘူးခံငြင်းကာ နောက်ထပ်
ဘာမေးခွန်းမှ မထွက်လာခင် ရေချိးလိုက်ဦးမည်ဟု
အကြောင်းရှာပြီး ရှောင်သွားသည် ။Park Chanyeol ကကို အမှတ်မရှိ
Kim Jongdae ကိုမှ အလိမ်ဇာတ်ခင်းခိုင်းရဲ
သည် ။ကိုယ်အတွက်ကိုယ်တောင် စောက်ဂရုမစိုက်တာ
အခြားသူအတွက် ဘာလို့ ပူပေးရမည်နည်း ။သူကိုယ်တိုင် လစ်ချင်တဲ့အချိန်လစ် ပြေးချင်တဲ့အချိန်
ပြေးပြီး စာမေးပွဲဖြေဖို့ အတန်းချိန်မပြည့်တိုင်း
နောက်တစ်နှစ်ပြန်တက်လည်း ရတာဘဲဟူ၍
ခေါင်းကြောမာသည့်သူမျိုး ။ဤသို့သော Kim Jongdae ကိုမှ
Park Chanyeo ကယုံယုံကြည်ကြည်
အကူအညီတောင်းသွားသည် ။ကိုယ့်အတက်ကိုယ်ဆူးဆိုပြီးသာ
ကိုယ့်အပြစ်ကိုယ်ဝန်ခံလျှင် သက်သာဦးမည် ။နာမည်ကြီးသည့် ယောကျာ်းလေးအဆောင်ဖြစ်တာမို့
နယ်ကရော တက္ကသိုလ်လာတက်သူတွေရော
ဆိုလ်းက အေးအေးဆေးဆေး နေချင်သူတွေရော
မိဘအုပ်ထိန်းမှုအောက် မနေချင်သူတွေရော
ကျောင်းသားတော်တော်များများ အဆောင်လာနေ
ကြသည် ။အလယ်အလတ်တန်းစား လူနေမှုရှိလောက်သည့်
ပတ်ဝန်းကျင်တွင် အသင့်အတင့်ပေးရသော
လူတိုင်းတက်နိုင်သည့်ဈေးက အဆောင်၏ သန့်ရှင်းမှု
သပ်ရပ်မှုထက် ပိုနာမည်ကြီး ၏ ။