သွေဖယ်နိုင်ခြင်းမရှိခဲ့တဲ့ မင်းကို ချစ်တဲ့အချစ်နဲ့
ရင်ခုန်ခြင်းတွေက လူလားမြောက်ခဲ့တာ ကြာပြီ
Jongdae ....
" Jongdae .. မင်းငါ့ကို မဆွဲထားချင်ဘူး
လားဟင် "သက်ပြင်းချသံသဲ့သဲ့နှင့် အလွန်အမင်းနာကျင်နေသ
ယောင် အက်ကွဲသံအချို့က မျက်ကွယ်ပြုထားသည့်
စိတ်ကို ခေါင်းလှည့်နိုင်မလား ??ဆွဲထားပါလား ဒါမှမဟုတ် အနားမှာနေခွင့်ပြုပါ
မင်းလည်း ထွက်မသွားပါနှင့်ဟု အချိန်အတော်ကြာ
တောင်းဆိုနေသော Chanyeol ကို Jongdae
လျစ်လျူ ရှုထားဆဲပင် ။" Jongdae .. ငါမင်းနဲ့ဝေးဝေးမှာ မနေနိုင်ဘူး "
ငိုသံစွက်လာသော Chanyeol စကားသံတိုင်းသည်
တိုးတိမ်ပြီး တစ်ကိုယ်တည်း ရေရွတ်နေသလိုတောင်
ထင်ရသည် ။" Jongdae .. ငါတောင်းပန်ပါတယ် "
အခန်းတံခါးဆီ လက်ရွယ်ပြီးမှ နောက်ပြန်လှည့်
Jongdae ပခုံးကို ဆုတ်ကိုင်ပြီး နောက်ဆုံးသော
အသနားခံခြင်းနှင့် ခွင့်တောင်းပြန်၏ ။" Chanyeol .. အခုအချိန်က လုပ်ရပ်တွေကို
နောက်အသက်ကြီးတဲ့အချိန် နောင်တမရပါဘူးလို့
အာမ , မခံနိုင်ဘဲနဲ့ ငါ့ကို အာရုံလာမနောက်စမ်းနဲ့ "ဆွံ့အမှုနှင့်အတူ ဝေခွဲမရသော အတွေးများစွာက
Jongdae ပြောသမျှကို မတွန်းလှန်နိုင် ။အနာဂတ်ကို ရည်ရွယ်ပြီး မသေသေးသရွေ့ဆက်ရှင်
သန်ရမည့် မနက်ဖြန်တိုင်းကို ရည်ရွယ်ပြီး ကုန်ကုန်
ပြောရလျှင် Chanyeol စိတ် , အကျင့် အားလုံးကို
ခြုံ ငုံပြီး လက်တွေ့ အချက်အလက်ကျကျ ဝေဖန်ချက်
များနှင့် Jongdae သည် ထင်ထားသည်ထက်ပင်
သွေးအေးသည် ။" မင်းလိုလူက အဲ့အချစ်ဆိုတာကြီးကို အော်ပြီး
ငါ့လက်ကိုတွဲလိမ့်မယ်လို့ မင်းကိုယ်တိုင်တောင်
ယုံရဲ့လား "
YOU ARE READING
Bromance [ COMPLETE ]
FanfictionJust Bromance Just Friend Park Chanyeol × Kim Jongdae