မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့်သပ်သပ်ရပ်ရပ်ခေါက်ထားသောအိပ်ယာခင်းလေးကကျတော့်မျက်လုံးထဲနေရာယူထား၏
"ဒီနေ့လည်းအစောကြီးထွက်သွားပြန်ပြီပဲ"
ကျတော့်အားမသိမသာသော်လည်းကောင်း၊သိသိသာသာသော်လည်းကောင်းရှောင်နေသောဂျောင်ဆူးသည်မနက်ကျတော်မနိုးခင်ထွက်ထွက်သွားတတ်သည်
ပြီးလျှင်အလင်းရောင်မရှိမှောင်တော့မှပြန်လာသည်မတော်တဆသူနှင့်အနီးကပ်အကြည့်ချင်းဆုံမိသည်က
ကျတော်၏နှလုံးသားမှခံစားချက်ကိုသူရိပ်မိသွား၍ကျတော့အားရှောင်နေသည်မှာဖြစ်နိုင်သည်"ဗိုက်ဆာတယ်"
ဗိုက်ဆာလို့စားရန်ကြည့်တော့လည်းအသားတို့စုံသည်
ငါးလား၊သမင်လား၊ဝက်လား၊ယုန်လားကြိုက်တာရွေးနိုင်သည်ကျတော့်အားရှောင်ချင်၍အားနေအမဲပစ်ထွက်နေသောဂျောင်းဆူး
ဒီညပြန်လာရင်တော့မျက်နှာချင်းဆိုင်ဖြေရှင်းလိုက်တော့မည်
•°•°•°•~*~*~•°•°•°•
"ပြန်လာပြီလား"ပြန်ရောက်သည်နှင့်အိမ်ရှေ့တွင်ရပ်စောင့်နေသောကျတော့်ကိုတစ်ချက်ပင်လှည့်မကြည့်ပဲဝင်သွားသောဂျောင်းဆူးကြောင့်ကိုယ့်မှာမနေနိုင်မထိုင်နိုင်နောက်ကလိုက်မေးရသေးသည်
"ဟုတ်"
လှည့်တောင်မကြည့်ဘဲယဉ်ယဉ်ကျေးကျေးပြန်ဖြေပြီးရေမော့သောက်နေလေသည်
"ဂျောင်ဆူး"
အရင်ကထက်ပိုစိမ်းကားလာသောဂျောင်ဆူးကိုချန်းယောဒီအတိုင်းမထားနိုင်တော့
ထွက်သွားရန်ပြင်နေသောသူ့လက်ကိုဖမ်းဆွဲကာသူရင်ခွင်ထဲဂျောင်ဆူးကိုဆွဲသွင်းလိုက်သည်
သူသည်းခံနေရတာကြာနေလေပြီ"လွှတ်ပေး...."
"ဘာလို့ကိုယ့်ကိုရှောင်နေတာလဲ"
အတင်းရုန်းနေသောသူ့ခါးလေးကိုတင်းကျပ်စွာဖက်ထားရင်းသူ့နှင့်မျက်လုံးအကြည်အချင်းဆုံစေသည်
YOU ARE READING
ခွင့်လွှတ်ဖို့မထိုက်တန်သောချစ်ခြင်း
Historical Fictionငါ့အတွက်အချစ်ဆိုတာရယူခြင်းမဟုတ်ခဲ့လို့~ Cover by @AkariXing Chansoo(Yaoi)