ကျွန်တော်သည် သူနှင့် မသက်ဆိုင်ခဲ့သလို။
သူသည်လဲကျွန်တော်နဲ့ဘယ်သောအခါမှမသက်ဆိုင်ခဲ့ပါ။
ကျွန်တော့်တို့နှစ်ယောက်ရဲ့ ပက်သက်မှု့သည် ပြီးပြည့်စုံလှသည့်သူစိမ်း သာဖြစ်သည်။
==============
ထိုနေ့က ကျွန်တော်တို့နှစ်ယောက်သည် မထင်မှတ်ဘဲ ကံတရား၏စေညွှန်းမှု့ဖြင့်သိကျွမ်းခဲ့ရ၏။
^သင်ကြိတ်ပြီးသဘောတူသော သူငယ်ချင်းနှစ်ယောက်ကို mention ပေးပါ^ ဟူသည့် စာတိုလေးအား ကျွန်တော်နှင့် ကျွန်တော့်အခင်ဆုံးသူငယ်ချင်းအား tag တွဲကာမှစတင်ခဲ့တယ်။
/Chen tag you in a post with Oh Sehun/
လင်းလာသော ဖုန်းမျက်နှာပြင်ပေါ်တွင် အခန့်သားနေရာယူနေသော ထိုစာတန်းလေး။
ဖွင့်ကြည့်မိလေတော့ comment များပေါင်းစုံပင်။
သက်သက်မဲ့ Chen ဂျင်းထည့်သွားတာ။
《Baekhyunee နဲ့ OhSe လိုက်တယ် တွဲလိုက်ပါလား》
《Wow!! Chen တို့ကတော့ ဆွဲစိကုန်ပြီဟေ့》
《Confrim ကြပါ》
ဂျင်းထည့်ခဲ့သည့် Chen အားပညာပြန်ပြလိုက်သည်။
/Chen and Xiumin hyung hahaha/
Mention ပြီးမကြာ sticker ပေါင်းစုံနှင့် ဆွေ့ဆွေ့ခုန်နေသောChen။
《ဟားဟား Xiumin hyung နဲ့ Chen လိုက်တယ်》
ထို comment အား like ပေးလိုက်တော့
/Chanyeol mention you in a comment/
"မင်းငါ့ကိုသိလို့လား?"
"အင်း ငါမင်းကိုသိတယ်"
သိတယ်ဆိုပေမယ့် တစ်အားကြီးရင်းနှီးသည်တော့မဟုတ်။
တစ်ကျောင်းထဲဆိုတော့ မျက်မှန်းတန်းမိရုံသာ။
သူသည်မိန်းကလေးများကြား နာမည်ကြီးသူပင်။
ထို့အတွက် သူ့အားသိသည်မှာမဆန်းပါလေ။
"ငါမင်းကိုမသိဘူး"
ဖြစ်ကောင်းဖြစ်နိုင်ပါသည်လေ။
YOU ARE READING
One Short Collection
FanfictionJust a mini fanfiction. Hope you will enjoy this. Love ya my all readers~~