Tick Tock....tick tock....tick tock
တိတ်ဆိတ်ခြောက်ခြားဖွယ်ကောင်းသော ညအမှောင်ထုကြီးထဲဝယ် တိုင်ကပ်နာရီသံကြီးသာကြီးဆိုးနေ၏။
အေးစက်စက်ပတ်ဝန်းကျင်သည် တိတ်ဆိတ်ခြောက်ခြားမှု့အား အားပေးနေသယောင်ပင်။
ဆူညံစွာအော်ဟစ်ရှိုက်ခတ်သွားလေသော အသံနက်ကြီး။
"Ahh!!!!!!!!!!"
အရုပ်လေးပိုက်ထားကာ ထိုမြင်ကွင်းတည့်တည့်၌နေရာယူထားသောကောင်လေး။
"Teddy ya မျက်လုံးလေးမှိတ်ထားနော် မြင်ရင်သိပ်ကြောက်သွားမှာ"
အရုပ်လေးအား မျက်လုံးပိတ်ထားလျက်။
ထိုကောင်ငယ်လေးရဲ့ နှုတ်ခမ်းပါးထက် မဲ့ပြုံးတို့အားလှပစွာပန်ဆင်ထား၏။
နှုတ်ခမ်းအထက်က မဲ့လေးသည်လဲပိုမိုထင်ရှားလာခဲ့သည်။
"Teddy သိလား လူတွေက ယုံကြည်မှု့နဲ့မထိုက်တန်ဘူး"
ထိုစကားနောက်တွင် ထိုကောင်လေးသည်လဲပျောက်ကွယ်သွား၏။
ထိုနေရာတွင်တော့ သွေးများခမ်းခြောက်သွားသော ရုပ်အလောင်းသာကျန်ရှိနေခဲ့၏။
□□□□□□□□□□□
"Hyunee..."
ပြတင်းပေါက်ဖက်ကိုမျက်နှာမူနေသော ကလေးငယ်။
"Jack လား"
အနံ့ရတာနဲ့တင် ဘယ်သူဘယ်ဝါဆိုတာခွဲခြားနိုင်သော အာရုံတစ်ခုအား ထိုကောင်လေးမှာ ပိုင်ဆိုင်ထား၏။
"သခင်ကြီးခေါ်နေတယ်"
ဖြတ်ခနဲဆိုပျောက်သွားသော Jack ဆိုသူ။
"ကိုကို"
ဝိုင်ခွက်အားအသာချကာ ပေါင်ပေါ်တွင်ရုတ်တစ်ရက်ရောက်လာလေသော ကလေးငယ်အား ထိန်းကိုင်ထားမိ၏။
"အားဖြည့်စရာမလိုဘဲ အစွမ်းတွေပြည့်နေတာ တစ်ကယ်ချီးကျူးတယ်"
သက်ရှိတို့၏အသွေးအသားများဖြင့် အားဖြည့်ရန်လိုသော သူတို့၏မျိုးနွယ်တွင် တစ်ဦးတည်းသော အစွမ်းအထက်ဆုံး နောက်ဆုံးမျိုးဆက်မှာ Baekhyun ပင်ဖြစ်သည်။
YOU ARE READING
One Short Collection
FanficJust a mini fanfiction. Hope you will enjoy this. Love ya my all readers~~