Again

660 59 6
                                    

(Ver; change ထားသော one short လေးပါ)
{Hope! You will enjoy this}

ကြယ်လေးတွေက လမင်းကြီးလောက် အရွယ်အစားပမာဏ မကြီးမားပေမယ့်လို့ သူ့အလှ သူ့ဂုဏ်နဲ့တော့ အတက်နိုင်ဆုံးနဲ့ အစွမ်းကုန်ထွန်းလင်းတောက်ပနေတယ်.....

ကောင်းကင်မှာ လမင်းကြီးတစ်ခုတည်းထွန်းလင်းနေလျှင် အထီးကျန်စွာဖြင့် တည်ရှိနေလျက်ရှိတယ်....

ထိုနည်းတူ ကြယ်လေးတွေအစီအရီထွက်ပေါ်ထွန်းလင်း နေချိန်တွင် လမင်းကြီးမရှိပါလျှင်လဲ သူတို့လေးတွေ အားငယ်နေရှာလိမ့်မယ်....

အရွယ်အစားပမာဏ ထွန်းလင်းမှု ကွာဟနေပေမယ့်လို့ ကြယ်လေးတွေနဲ့လမင်းကြီးဟာ ကောင်းကင်ယံ လိုက်ဖက်လှတဲ့ အကြီးမားဆုံးသော မိတ်ဖက်ပင်......

ကြယ်တစ်ပွင့်ကြွေလွင့်တိုင်း လမင်းကြီးဟာ အလွမ်းများနဲ့ ကျန်ရစ်ခဲ့သလို ကြယ်တစ်ခုထွန်းလင်းတိုင်း လမင်းကြီးဟာ အပြုံးများနှင့်ဝေဆာနေပေလိမ့်မည်....

□□□□□□□□□□

ယနေ့အတွက် ကောင်းကင်ကြီးက မှိုင်းမိထားသလို အုံ့မှိုင်းနေသည့်အတွက် လမင်းကြီးကော ကြယ်လေးတွေပါ တိမ်တွေကြားဖုံးကွယ်ပုန်းလျိုးနေကြလေသည်။

ဟူးစ် ဒီလိုညမျိုးသာ ခနခနကြုံလို့ကတော့ ကျွန်တော့်စာတန်း သည် အချိန်ကာလအတော်ကြာအောင်ပင် ပြုစုရမည့်အနေအထားပင်။

Professor Kim တော့သတ်တော့မှာပဲ.... မတက်နိုင်ဘူးလေ ကိုယ်လုပ်ယူလို့ရတဲ့အရာမှမဟုတ်တာ
သူ့ပါသူမိုးအုံ့နေတာကြီးကို။

တော်တော်နောက်နေ့မှဆက်တော့မယ် ဆိုကာ.... ကြယ်များအား လေ့လာသည့် အဝေးကြည့်မှန်ပြောင်းအား setting stand မှဖြုတ်ကာ သိမ်းနေလိုက်တယ်။

တော်သေးတာတစ်ခုက အိမ်၏အပေါ်ဆုံးအထပ်တွင် ထပ်ခိုးဝရံတာရှိသည့်အတွက်ကြောင့် ဝေးဝေးလံလံသိပ်သွား စရာမလိုပဲ ကြယ်ရဲ့ဦးတည်ရာကိုသာ အေးဆေးလေ့လာလို့ ရသည်လေ။

လက်ဆောင်ပေးသည့် Dady အားကျေးဇူးတင်မိသည်။

သူသည် ကြယ်များအားလေ့လာရသော ဘာသာရပ် တစ်နည်း နက္ခတ်​ဗေဒဘာသာရပ်ကို စိတ်ဝင်စား၍ မိသားစုများ U.S တွင်ရှိနေပေမယ့်လဲ တစ်ယောက်တည်း Korea တွင်နေထိုင် သူတစ်ယောက်။

One Short CollectionWhere stories live. Discover now