''ဟူး~သေလိုက်တော့ jinရေ~ဒီအချိုးမျိုးနဲ့များ
ဦးnamjoonနဲ့ နေရဦးမယ်~လုံးဝပဲ
ဦးကိုလက်မထပ်ချင်ဘူး~အချစ်မပါတဲ့
အိမ်ထောင်ရေးက ဘယ်လိုလုပ်
ကောင်းမှာလဲ~ဟီး~အီး''မျက်ရည်တွေက ဘယ်ကနေဘယ်လို
ရောက်လာမှန်းမသိ။jinမျက်ဝန်းလေး
အစုံတွင် ပြည့်နှက်လာကာ ပါးပြင်ပေါ်
တပေါက်ပေါက်ကျလာသည်မို့ ရင်ထဲ
ပေါ့သွားစေရန် jin အော်ဟစ်ငိုမိသည်။''လူတွေအားလုံးရက်စက်တယ်
ကျွန်တော့်ကို နှိပ်ကွပ်မယ့် လူကြီးလက်ထဲမှ
အရောက်အပ်ကြတယ်~အီး~~ဟီး''jin ကြမ်းပြင်ပေါ် ထိုင်ချ ငိုမိပြီးမှ
လေယာဉ်ကွင်းသွားရန် သတိရလာပြီး
ပြန်ထကာ အဝတ်အစားလဲရသည်။''နောက်ကျလဲ ဘာဖြစ်လဲ ဦးnamjoon
ဆိုတဲ့လူကြီး~ခဗျား မကြာခင်မှာ
ကျွန်တော့်အပေါ် အကြီးအကျယ်
စိတ်ကုန်သွားစေရမယ်~စောင့်ကြည့်နေပါ''စိတ်ထဲကနေ jinကြုံးဝါးလိုက်ပြီး အိတ်တလုံး
ဆွဲ၍ လေယာဉ်ကွင်းသို့ အပြေးအလွှား
ထွက်လာခဲ့သည်။အချိန်တောင်လွန်တော့မယ်။
လေယာဉ်ထွက်သွားရင် ပြသနာ။''မြန်မြန်လေး မောင်းပေးပါနော်
အကိုကြီး~ ကျွန်တော်စီးရမဲ့ လေယာဉ်
ထွက်သွားမှာ ဆိုးလို့ပါ~အချိန်ကကပ်နေပြီ''''အကိုကြီးလည်း အမြန်ဆုံးမောင်းနေတာပဲလေ
ကောင်လေးရဲ့~ဒီထက်မြန်ရင် တိုက်မိလိမ့်မယ်''''ဟွန်း''
jinက သူနဲ့လက်ထပ်မယ့်
ခင်ပွန်းလောင်းကိုတောင် အကိုလို့
ခေါ်တာမဟုတ်ဘူး။အဒီကားသမားကြည့်ရတာ namjoonအရွယ်လောက်ပဲရှိမည်။သူ
ခိုင်းတဲ့အတိုင်း ကားကို အမြန်မောင်းစေရန်သာ
အကိုကြီးဟုခေါ်ပစ်လိုက်သည်သာ။*ကျွီ*
"ဟင်~ဘာဖြစ်တာလဲ''
''ကားက ဘာဖြစ်သွားတာလဲ မသိဘူး
စက်ရပ်သွားတယ်''''ဒုက္ခပါပဲ~ဘယ်လိုလုပ်ရမလဲ ကျွန်တော်
နောက်ကျလို့မဖြစ်ဘူး~ဦးလေးကြီး
ကားကလည်း ဘာဖြစ်သွားတာလဲ''''မင်းစောစောကတော့ အကိုကြီးလေး
ဘာလေးနဲ့ ညာခိုင်းနေပြီး~အခု
ဦးလေးကြီးဖြစ်ရောလား''