ep^4^

772 67 10
                                    

''လူပျိုကြီး~ကိုယ့်ထက် ငယ်ရွယ်သူကိုမှ
အရယူချင်ဦး~အဓိပ္ပာယ်မရှိလိုက်တာ
သူ့ဘက်က ငြင်းလိုက်ရင် ရပါရက်နဲ့
အရှက်မရှိ~အချစ်ဆိုတာလည်း မရှိဘူး
မလွဲသာမရှောင်သာလို့ လက်ခံလိုကိရတဲ့
ပုံစံမျိုးလာဖမ်းနေတယ်''

jinလည်း ဂျင်းဘောင်းဘီဟိုပြဲဒီပြဲနဲ့
ချိုင်းပြတ်စွတ်ကျယ်ကိုဝတ်ပြီး
အောက်သို့ဆင်းလာခဲ့သည်။ဧည့်ခန်းမှာ
ထိုင်နေတဲ့ namjoonရဲ့ အကြည့်တွေလည်း
ဆတ်ခနဲရောက်လာပြီး ခဏအတွင်း
ပြန်လှည့်သွားလေသည်။

ဒီလိုအချိုးမပြေတဲ့ ကောင်လေးကို
လက်ထပ်ယူရဲလို့လား?ဦးရယ်။
ကျွန်တော့်ကို ဘယ်တော့မှ လက်ထပ်ဖို့
စိတ်ကူးမယဉ်နဲ့ မရစေရဘူး။

''ကျွန်တော့်ကို စောင့်နေရတာ သိပ်မကြာပါဘူးနော်~ဦး''

''jin~ဘယ်လို ဝတ်စားလာပြန်တာလဲ
မင်းအကျင့်စရိုက်တွေကို ပြင်စမ်းပါ''

''အဟက်~ဒါ ဘာများထူးဆန်းနေလို့လဲ
ဦးရယ်~သူများတွေကို ဒုက္ခရောက်စေတာမှ
မဟုတ်ဘဲ~ကျွန်တော်လွတ်လွတ်လပ်လပ်
ပေါ့ပေါ့ပါးပါးနေတတ်လို့ပါ''

''တော်စမ်း''

jin ကလေးဆန်စွာ နေထိုင်တတ်တာကို
ပြုပြင်ဖို့ဆိုတာ ခက်ခဲမှန်းတော့ သူသိသည်။
သူ့ပြောစကားတွေကိုလည်း နာခံမည်မဟုတ်။
မျက်စိထဲမှာ ကန့်လန့်ဖြစ်ရပြီမို့ မျက်နှာတွေ
ပူထူပြီး စကားလုံးတွေသာ ထစ်ငေါ့မသွားစေရန်
namjoonသတိထားနေရသည်။jinကတော့
နည်းနည်းမှ အကြောက်အလန့်မရှိ ရဲရဲတင်းတင်းနဲ့ ပြောဆိုနေသဖြင့် သူ့စိတ်တွေ
ပို၍ မတည်မငြိမ်ဖြစ်လာရသည်။

''ကျွန်တော်နဲ့ လက်ထပ်ရမယ်လို့
ဦး ommaက အတင်းအကြပ်တောင်းဆိုတယ်ထားပါတော့~ဦးဘက်က
ငြင်းသင့်ပါတယ်~ကျွန်တော့်ကို
ဦးဘယ်တုန်းကမှ မချစ်ခဲ့တာပဲ
မုန်းတီးနေတာလေ~အဒါကို မငြင်းပဲနဲ့
ဦးက မင်္ဂလာအိပ်ခန်းကြီးကိုတောင်
ပြင်ဆင်ထားတာ ဘာသဘောလဲ''

သေလိုက်စမ်း kim nam joon။
ရှက်စရာကောင်းလိုက်တာကွာ။

jinအမေးကို သူဘယ်လိုဖြေရမှန်းမသိ။
ယောင်ချာချာနဲ့ ထပြီးပြေးချင်လာမိသည်။
jinကိုတွေ့လျှင် စည်းကမ်းတွေနဲ့
တင်းကြပ်ပြီး နှိပ်ကွက်မည်ဟု မောငိးတင်
ကြံစည်ထားသမျှ လက်တွေ့တွင် jinရဲ့
နှိပ်ကွက်မှုကိုပဲ သူခံနေရသည်။

You've reached the end of published parts.

⏰ Last updated: Jul 30, 2018 ⏰

Add this story to your Library to get notified about new parts!

ဦးရဲ့❤နှလုံးသား❤တစ်ထောင့်တစ်နေရာWhere stories live. Discover now