nam joonက ဘယ်တုန်းကမှ မထင်မှတ်
ထားခဲ့တဲ့ ခင်ပွန်းလောင်းတစ်ယောက်နဲ့
မကြာခင် အတူပေါင်းသင်းနေထိုင်
ရတော့မည့်အဖြစ်တွေပါ။အိမ်မက်တွေ
မဟုတ်ခဲ့။ကလေးဆန်လွန်းပြီး ဘုဆတ်ဆတ်
စွာကျယ်ကျယ် ကောင်လေးကို သူဘယ်လို
ကိုင်တွယ်ရမှန်းပင် မသိတော့။''သူဌေး~အကိုလေးjinကို အခန်းထဲ
ပို့လိုက်ပါပြီ~အဟဲ သူဌေးကောင်လေးက
အရမ်းချောတယ်~မြင်ရတဲ့သူတွေတောင်
မူးမေ့လဲကျသွားနိုင်တယ်''nam joonစိတ်တွေညစ်ထွေးနောက်ကျိစွာ
အိပ်ယာမှ နိုးထလာသည်။အတွင်းရေးမှူး
ကောင်လေးက သတင်းလာပို့မှသာ
jinရောက်ပြီမှန်း သိသည်။ဆီးကြိုသင့်တယ်
ဆိုတာသိပေမယ့် ညကညဥ့်နက်မှ
အိပ်ပျော်သွားသဖြင့် မကြိုဖြစ်လိုက်။
jinကတော့ သူ့အား ဂရုမစိုက်သလိုလို
အဖက်မလုပ်ချင်တဲ့ သဘောဟု
သတ်မှတ်လည်း သူဘာမှ မတတ်နိုင်ပါ။
jinကို သူ့လိုပင် မာမာကျောကျော
တုန့်ပြန်ဆက်ဆံတာပဲ အကောင်းဆုံးဟုတွေး၍ nam joonရေချိုးခန်းထဲ ဝင်လာလိုက်သည်။''တော်တော်ကို ကမောက်ကမ နိုင်မယ့်
အိမ်ထောင်ရေးဖြစ်မှာပဲ~သူ့ကို
ကိုင်တွယ်ရမှာ ခက်ခဲမယ်ထင်တယ်''nam joonစိတ်ပူနေမိသည်။jinကို
ရန်သူလို သဘောမထားပါနဲ့။ဒီလောက်လည်း
မဆိုးပါဘူး။လူကြီးမိဘတွေက အချစ်ကြီးပြီး
အလိုလိုက်ထားကြလို့ ကလေးဆန်နေတာဟု
သူ့omma ပြောခဲ့ဘူးသည်။''သားစိတ်ထဲမှာ မွန်းကြပ်လွန်းတယ်
ommaရယ်~သားမုန်းတဲ့ ကောင်လေးကိုမှ
သားခင်ပွန်းအဖြစ်နဲ့များ"ရင်တွေပူလောင်နေမိသည်။ရှောင်လွှဲလို့
မရတဲ့အခြေအနေမှာ သူကအိမ်ရှင်ဖြစ်နေ၍
သူ့ဘက်ကပဲ စတင်နှုတ်ဆက်စကား
ပြောရမည်ဖြစ်သည်မို့ ရေချိုးအဝတ်အစားလဲပြီး
ဧည့်ခန်းဘက်သို့ ထွက်လာလိုက်သည်။''ဂျီယွန်း''
''ရှင်~ဆရာ''
''jinကို သွားပြောလိုက်ပါ~အောက်ထပ်ကို
ခဏဆင်းခဲ့ပါလို့''''ဟိုလေ~သူစောစောက မှာထားတယ်
ခရီးပန်းလာလို့ အိပ်တော့မယ်တဲ့
ဘယ်သူနဲ့မှ မတွေ့နိုင်သေးဘူး
လာမနှိုးပါနဲ့လို့လဲပြောတယ် ဆရာ''