နှာဘူးအကြီးစားဖြစ်ရမယ်

806 96 14
                                    

'ဒူ...'
'အပြစ်သား..မျက်လုံးဖွင့်စမ်း
မင်းကြီးကို မခန့်လေးစားလုပ်နေတာလား....

ဟမ်...ဘယ်ကမင်းကြီးတုန်း..။
သူမတွေးရင်း မော့ကြည့်လိုက်သည်..
ငိ..ဒါက ဘယ်လိုအခြေအနေကြီးတုန်း
သူမညကမှ bl ficလေးတစ်ပုဒ်ဖတ်ပြီး အိပ်ယာဝင်ခဲ့တာပါ.

ကြည့်ရတာ ငါလေးficတွေ ဖတ်တာများပြီး အိမ်မက်မက်နေတာများလား...
ပြန်အိပ်ပြီးနိုးလာရင် ပုံမှန်ပြန်ဖြစ်သွားမှာပဲ...
ပြန်အိပ်မှ....

'သူကဘာလို့မျက်လုံးပြန်ပိတ်သွားတာလဲ အထိန်းတော်ကြီး'
'ကျွန်တော်မျိုး နှိုးကြည့်ပါအုံးမယ်....'

'ဖြန်း'
'အား...လား...လား'
'ဘယ်သူက ဖွင့်ပြီးပြန်ပိတ်ခိုင်းလို့လဲ..မျက်လုံးဖွင့်ထား'

ဟောက်စားလိုက်တာမှလွန်ရော
သူ့လက်ဝါးကြမ်းကြမ်းကြီးနဲ့ သူများကို...
အား....နာလိုက်တာဆိုတာ...

ဒါနဲ့နေပါအုံး..အိမ်မက်ကမပြီးသေးဘူးလား...
ငါ့ပါးကိုရိုက်လိုက်တုန်းက..နာတယ်လေ
အဲ့တော့ အိမ်မက်မဟုတ်ဘူးပေါ့..

အမေရေ...သမီးကိုကယ်ပါ
အပြစ်သားတဲ့..ဒူးလဲထောက်ထားရတယ်..
သတ်ပစ်မှာတော့မဟုတ်ဘူးမလား...
Time travelလား ဘာလား
ဖြစ်မဲ့ဖြစ်တော့လဲ ဒီလိုကြီး အပြစ်သားဖြစ်ရလား
ငါလေးမဆဲချင်ဘူးနော်....

'မင်းသားတွေ ရေချိုးနေတုန်း...ခိုးကျိတဲ့အတွက်
မင်းမှာအပြစ်ရှိတယ်'
ငှယ်..ငါရောက်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်က
နှာဘူးအကြီးစားကြီးပဲ ဖြစ်ရမယ်...
ဘယ်လိုတောင်အရှက်မရှိတာလား....

'ဒါပေမဲ့ မင်းကမိဖုရားကြီး တူမဆိုတော့...
ပြစ်ဒဏ်ကိုလျှော့ပေါ့ပေးမယ် မှတ်လောက်သားလောက်ရှိအောင်
ကြိမ်ဒဏ်ဆယ်ချက်ကျခံစေ'

ဆယ်ချက်.....အမေရေ ကယ်ပါ
ရောက်ရောက်ခြင်း အရိုက်ခံရအောင်
ငါလေး တော်တော်ကံကောင်းနေတာပဲ..

'ခေါ်သွားတော့...ရဲမက်တို့'

တချက်ချင်းသူမကျောပေါ် ကျရောက်လာတဲ့ ကြိမ်ဒဏ်တွေကိုကျိတ်မှတ်ခံနေရသည်။
ဟင့်..ငါလေးလုပ်တာလဲမဟုတ်ပဲနဲ့
အစားအရိုက်ခံနေရတယ်...

Do you Hate me?Where stories live. Discover now