Chan' pov
"Chan နိုးပြီလား ထတော့လေ"
နားထဲမှာ အသံတစ်ခုကြားလိုက်ရသလို နဖူးထက်သို့ နူးညံ့တဲ့နွေးထွေးမှုတစ်ခု ကျရောက်လာတယ်.....
ညင်သာတယ် နွေးထွေးတယ်
ဒါနဲ့ Chan ဆိုတာ ဘယ်သူပါလိမ့်
လေးလံနေတဲ့မျက်ဝန်းတွေကို အတင်းဖွင့်ကြည့်တော့ မှန်ရှေ့မှာ မတ်တတ်ရပ်နေတဲ့ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်..
အဲ့လူက ဘယ်သူလဲ.......
"Chan ပဲ လေဆိပ်လိုက်ပို့မယ်ဆို.. လေယာဉ်က ၈ နာရီဆိုတော့ အခုသွားမှ မှီမှာလေ..."
ကျနော့်ကို လှည့်မကြည့်ပဲနဲ့ မှန်ကိုကြည့်ကာ နက်ခ်တိုင်စီးရင်း စကားပြောနေတဲ့သူ... အဲ့သူက ဘယ်သူလဲ..
ဘာလို့ ကျနော်က မသိရတာလဲ.... မြင်ဖူးသလိုလို မမြင်ဖူးသလိုလို ၀ိုးတ၀ါး.... တစ်ခုတော့ရှိတယ်
သူက အရမ်းချောတယ်.... မိုးပေါ်က နတ်သားလေးလိုပဲ.... အရမ်းကိုချောပြီးတော့ ကြည့်ကောင်းတယ်.... ၆ ပေကျော်လောက်ရှိမဲ့ အရပ်အမောင်းနဲ့ လိုက်ဖက်ညီစွာ သူဝတ်စားထားတာက
ှStyle ဘောင်းဘီ အနက်ရောင်ရယ်... ဖြူဖွေးနေတဲ့အကျီလက်ရှည်အဖြူရောင်ရယ်... ပြီးတော့....
"Chan နိုးရင်ထတော့လေ အကျီလဲ...ဟင်... Chan.... Chan... ဘာဖြစ်တာလဲဟင် ကိုယ့်ကိုကြည့်......... နေမကောင်းဘူးလား"
အခုကျမှ ကျနော့်ဘက်ကိုလှည့်ကြည့်လာတဲ့သူ... ကုတင်ဘေးနားကို အသဲအသန် ရောက်လာကာ နဖူးကို လာစမ်းလေသည်..
"Chan... ကိုယ့်ကို ကြည့်... ကိုယ့်ကို သေချာကြည့်"
သူပြောသလို သေချာကြည့်ပေမဲ့လဲ..... ဘာလို့မသိရတာလဲ... ဟင်အင်း... ကျနော်သူ့ကို မသိဘူး.... အနီးကပ်ကြည့်ကာမှ ပိုပြီးကြည့်ကောင်းနေတဲ့သူဖြစ်နေမှန်းတော့ ၀န်ခံရမည်.... သို့ပေမဲ့လဲ...
အမြင်အာရုံထဲမှာ မှတ်ဥာဏ်ထဲမှာ မပီပြင် ၀ိုးတ၀ါး.....
"ဟို.... ခင်ဗျားက ဘယ်သူလဲဟင်...ကျနော့်ကို သိလို့လား"
ကျနော်မေးလိုက်တဲ့ မေးခွန်းကြောင့်.... ထိုသူရဲ့မျက်ဝန်းမှာ စိုးရိမ်ခြင်းတွေအပြည့်ဖြစ်ပေါ်လာသည်...