Part 18

686 97 12
                                    

"CEO Park အသစ်ရောက်လာတဲ့ MD Park Chanyeol က Golden Gate နဲ့ပတ်သက်ပြီးတော့ စုံစမ်းနေပါတယ်''

"Golden Gate နဲ့ပတ်သက်ပြီးတော့လား.. ဘာတွေစုံစမ်းနေတာလဲ''

"ပြောသံကြားရတာတော့ Golden City မှာ
သုံးမဲ့ သံချောင်းတွေထဲမှာ
အရည်အသွေးမပြည့်တာတွေ
တွေ့ရလို့လို့ပြောပါတယ်''

"ဟုတ်လား... Contract ကို သေချာလုပ်ထားတယ် မဟုတ်လား''

"Nae.. ဒါပေမဲ့''

"တကယ်လို့ Park Chanyeol က စာချုပ်ကို
ကြည့်ချင်တယ်ဆိုရင် ငါ့ဆီကို
လာတွေ့ခိုင်းလိုက်ပါ''

"Nae CEO Park''

"အော်ဒါနဲ့ အတွင်းရေးမှူး Kim ငါ Park Chanyeol အကြောင်းသိချင်တယ် သူ့ကို ကြည့်ရတာ တစ်ယောက်ယောက်နဲ့ ဆင်သလိုရှိနေတယ်''

"Nae? ဘယ်သူနဲ့ဆင်တာလဲ မသိဘူး''

"လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က သေသွားတဲ့ ငါ့အစ်ကိုနဲ့''

"ဗျာ''

"ဟုတ်တယ် သူ့မှာ သားတစ်ယောက်ကျန်ခဲ့တယ် ကြားတယ် ငါစုံစမ်းရသလောက်တော့ သေသွားပြီလို့ သိရတာပဲ ဒါပေမဲ့ အခု Park Chanyeol ကိုမြင်လိုက်တော့ အဲ့ကလေးများလားလို့ ထင်မိတယ်''

"Nae?... ကျနော် စုံစမ်းလိုက်ပါ့မယ်''

အတွင်းရေးမှူး ထွက်သွားပြီးသည့်နောက်တွင်
CEO Park ရေရွတ်မိတာက
"Park Chanyeol တကယ်လို့ မင်းသာ ငါ့အစ်ကိုရဲ့သား ငါ့တူသာ ဖြစ်ခဲ့ရင် မင်းအတွက် စိတ်မကောင်းစရာတွေ ဖြစ်လာတော့မယ်''

~~~~~~~~~~~~~~~~~~~~~~~~~~
Tok Tok

"Dr Kris ထမင်းစားချိန်ရောက်ပြီလေ''

တံခါးခေါက်သံနဲ့အတူ တစ်လက်စတည်း ကြားလိုက်ရတဲ့ အသံပိုင်ရှင်က Kim Suho

ကလေးအကြောင်း စဉ်းစားနေမိတာနဲ့
အချိန်တွေက ဘယ်လိုကုန်သွားလဲ မသိ.....

"အော နေ့လည်စာ စားချိန်တောင် ရောက်လာပြီလား''

"ငါ မင်းကို ကြည့်နေတာ ကြာလှပြီ ဘာတွေငိုင်နေတာလဲကွ''

"ဟင်းးးးး မသိတော့ပါဘူးကွာ''

"မင်းကြည့်ရတာ စိတ်နဲ့လူနဲ့မကပ်ဘူးဖြစ်နေတယ် ညနေကျ ငါတို့ သွားသောက်ကြမလား''

BabyWhere stories live. Discover now