Part 8

756 95 3
                                    

လူတစ်ယောက်ရဲ့နောက်ကျောကို

ကြည့်ရတာ အထီးကျန်တယ်လို့

ခံစားမိတယ်...

အဲ့ဒီလူက ကိုယ်ချစ်နေတဲ့လူတစ်ယောက်ဆိုတော့ ပိုလို့တောင် နာကျင်ပြီးတော့

အထီးကျန်ရတယ်...

မဖြစ်သင့်ဘူးဆိုတဲ့အတွေးတွေကို

နှလုံးသားက အနိုင်ယူသွားတဲ့အချိန်မှာ

သူ့ဘေးက ပုံရိပ်ဟာ ကိုယ်ပဲ ဖြစ်ချင်နေခဲ့တယ်...

မရေရာတဲ့အနာဂတ်ကို တွေးပူမိပြီးတော့. ရှေ့ဆက်ဖို့ အင်အားမရှိတဲ့အခါ

သူနဲ့သာဆိုရင် ဆိုတဲ့အတွေးလေးနဲ့

ဘ၀ခရီးကို ရှေ့ဆက်ဖြစ်တယ်...

တစ်ဖက်သတ်ကျိတ်မက်ခဲ့ရတဲ့

အိပ်မက်တွေပေါ့....

ဒါပေမဲ့လည်း ပျော်ရွှင်ခဲ့ရတယ်...

သူမသိနိုင်တဲ့ ကိုယ့်အချစ်တွေနဲ့

တစ်ယောက်တည်း ကျိတ်ပျော်ဖူးတယ်...

မဖြစ်နိုင်ဘူးဆိုတာ သိနေတော့

အဆုံးသတ်ရလဒ်မကောင်းနိုင်တာကို

သိနေတော့...

နာကျင်ရပေမဲ့လဲ

တစ်ဖက်သတ်အချစ်ကြောင့်

ပျော်ရွှင်ခဲ့ရဖူးတယ်...

ပေါင်းစည်းဖို့ မဖြစ်နိုင်ပေမဲ့...

ဘယ်သူမှမသိတဲ့ချစ်ခြင်းတွေကို

ရင်ထဲထည့်ပြီးတော့ တစ်မိုးအောက်ထဲမှာ

အတူရှိနေခွင့်တော့ ရှိနေသေးတယ်လေ...

ဒါပေမဲ့...

အိပ်မက်တွေလဲပြိုခဲ့တဲ့

နေ့ရက်ရောက်လာခဲ့တယ်...

"Chanyeol.. မင်းအစ်ကို ရည်းစားရနေပြီတဲ့ သိလား"

Hyung နဲ့အတူတူကျောင်းတက်နေတဲ့

Suho ရဲ့ညီက ကျနော့်သူငယ်ချင်း..

"Kai.. မင်းဘယ်ကကြားလာတာလဲ"

"င့ါအစ်ကိုပြောတာပေါ့ဟ"

အဲ့ဒီနေ့က....

BabyWhere stories live. Discover now